ဓာတ်ပုံ – Local

မြတ်နိုး၊ ဇွန် ၄ရက်၊ ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ မနေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးက ကုမ္ပဏီတစ်ခုနဲ့ ဆန်ခါဘက်က ကုမ္ပဏီတစ်ခုကို ဒီနေ့ ဇွန်လ ၄ ရက် နေ့လယ်ပိုင်းက စစ်ကောက်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကားမီးရှို့ဖို့ လုပ်နေတာ။ လူအင်အား ၂၀ လောက်ပါတယ်။ ဘေးမှာလည်း အကုန်လုံး ကင်းထောက်တွေနဲ့။ကားတွေကို မီးရှို့နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့က ပေါက်ကွဲမှု ဖြစ်တဲ့နေရာနဲ့ မျက်စောင်းထိုး ကုမ္ပဏီကို ဒီနေ့ ဇွန်လ ၄ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲလောက် စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့နေတာလို့ သူက ပြောပါတယ်။

“စစ်ကောင်စီတွေ မီးပြန်စရှို့နေပြီ။ ဘုန်းကြီးကျောင်းနားက အဆောင်ကိုရှို့တာ။ မနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ တင်အောင်ကြိုင်ကုမ္မဏီမျက်စောင်းထိုး နေရာမှာလည်း မြေစာ သယ်ကားတွေကို မီးရှို့နေပြန်ပြီ” လို့ နောက်ထပ်ဒေသခံ အမျိုးသား တစ်ဦးက ပါတယ်။

ဖားကန့် မှော်စီစာက ကုမ္ပဏီယမ်းဂိုဒေါင်နဲ့ ဆီဂိုဒေါင်ကို ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က မနေ့ ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ ခန့်က ဒရုန်းဗုံးချ ဖောက်ခွဲခဲ့လို့ ကုမ္ပဏီ၀န်ထမ်း ၃ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် ကုမ္ပဏီအဆောင် ၈ ဆောင် ပျက်စီးပြီး ဘက်ဟိုး တစ်စီး၊ ကား နှစ်စီး၊ 4 wheels အိမ်စီးကား တစ်စီး၊ SURF အိမ်စီးကား တစ်စီး၊ Dun Truck နှစ် စီး၊ ဖောက်စက် နှစ်လုံး၊ ဆီဘောက်စာ ၂ လုံး ပျက်စီးသွားပြီး ဒေသခံ ပြည်သူတွေ နေအိမ် ၃၅ လုံး၊ COC ဘုရားကျောင်း၊ AG ဘုရားကျောင်း၊ ဆောင်းချိန် ဓမ္မာရုံ ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။