ဓာတ်ပုံ – CJ (ဇန်နဝါရီအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နောင်ချိုမြို့တွင်းက မြင်ကွင်းတချို့)

ရွှေဖီမြေ၊ ဇွန်လ ၄ ရက်

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့နယ်တွေမှာ စစ်ကောင်စီကြောင့် ၁ လအတွင်း အရပ်သား ၈ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေ ကြောင်းနဲ့ (၁၂) ကြိမ်၊ လက်နက်ကြီး (၇၇၆) လုံး၊ ဒရုန်းအသုံးပြုပြီး ဗုံး (၃၂၉) လုံးနဲ့ အဆိပ်ငွေ့ဗုံး (၁၄၄) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၈ လုံး ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ကျောက်မဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး ၂ ကြိမ်၊ မိုးကုတ်မှာ ၆ ကြိမ် ဗုံးကြဲခဲ့ရာ အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပြီး ဘုန်ကြီးကျောင်းအပါအဝင် နေအိမ် ၁၈ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

အလားတူ မန်တုံမြို့မှာလည်း စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြီးခဲ့တဲ့ မေလ ၂၉ ရက်မှာ ရွှေဖီမြေကို ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ငလျင်လှုပ်ခတ်မှုကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ ဧပြီလကစပြီး ယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမဲ့ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှုတွေလည် ဆက်လက်မြှင့်တက်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။