ရွှေဖီမြေ၊ ဇွန်လ ၃ ရက်၊ မန်တုံ

တအာင်းဒေသ မန်တုံနဲ့ နမ့်ဆန်မြို့ထဲ နေထိုင်ပြီး အာဏာသိမ်း စစ်ကောင်စီထဲ တာဝန်ထမ်းဆောင်သူ ၂ ဦးရဲ့ နေအိမ်ကို တအာင်းတပ်မတော်- PSLF/TNLA ဘက်က ချိတ်ပိတ်လိုက်ပါတယ်။

ချိတ်ပိတ်လိုက်တဲ့ အိမ်ဟာ နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်ရှိ ဦးရွှေကြိမ်း နေအိမ်နဲ့ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ထဲက ဦးသိန်းဇော်ရဲ့နေအိမ်ဖြစ်ပြီး ဦးရွှေကြိမ်း နေအိမ်ကို မေလ ၂၁ ရက်နဲ့ ဦးသိန်းဇော်ရဲ့နေအိမ်ကိုတော့ မေလ ၃ဝ ရက်က ချိတ်ပိတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဦးရွှေကြိမ်းဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ဦးသိန်းဇော်ကတော့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဦးစီးဥက္ကဌအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

ဦးသိန်းဇော်က ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲမှာ တအာင်းပါတီ ကိုယ်စားပြု မန်တုံမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး ဦးရွှေကြိမ်းကတော့ ဗဟို တအာင်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီမှာ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီထဲ ဦးရွှေကြိမ်းနဲ့ ဦးသိန်းဇော် ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တာကြောင့် မြို့နယ်အလိုက်ရှိ တအာင်းလူငယ်အဖွဲ့နဲ့ တအာင်းအရပ်ဖက် အဖွဲ့အစည်းက ၎င်းတို့ ၂ ဦးအပြင် ဦးခင်ဇော်လှိုင်ခေါ် ကိုသားငယ်ကို လူမှုရေးပြစ်ဒဏ် ရာသက်ပန် ပေးလိုက်ကြောင်း ၂ဝ၂၁ ဧပြီ ၆ ရက်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။