အိုက်ပွီး၊ ဇွန်လ ၂ ရက်၊ လောင်တလိုင်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှာ မြစ်ရေ မြှင့်တက်မှုကြောင့် ပလက်ဝ ချင်းစစ်ဘေးရှောင်နေအိမ် ၁၀၀ ကျော် ရေထဲ နစ်မြှုပ်ပြီး စစ်ဘေးရှောင် ၆၀၀ ကျော်ဟာ ရေဘေးသင့်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

မေလ ၃၁ ရက် မနက်အစောပိုင်းက ရွာသွန်းတဲ့မိုးကြောင့် မြစ်ရေ မြှင့်တက်မှုဖြစ်ပြီး လောင်တလိုင်ခရိုင် ကာကီနဲ့ တွီဒန်းရွာက ပလက်ဝ ချင်းစစ်ဘေးရှောင်စခန်းက လူနေအိမ် ၁၀၀ ကျော်ဟာ ရေထဲ နစ်မြှုပ်ကာ မျှောပါပျက်စီးသွားပါတယ်။

“မြစ်ကမ်းနံဘေးမှာ ဆောက်ထားတဲ့ စစ်ဘေးရှောင်နေအိမ်တွေပါ။ တချို့အိမ်က ရေမြှုပ်သွားပြီး အနည်းငယ် ပျက်စီးသွားသလို တချို့အိမ်က ရေစီးထဲ မျှောပါသွားပြီး လုံးဝ ပျက်စီးသွားပါတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ရုတ်တရက် ရွာသွန်းတဲ့မိုးကြောင့် မြစ်ရေ မြှင့်တက်မှု ဖြစ်ပွားတဲ့အတွက် စစ်ဘေးရှောင်တွေဟာ ကြိုတင်ပြောင်းရွှေ့ချိန် မရလိုက်ဘဲ စုဆောင်းထားတဲ့ စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ စောင်တွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ စစ်ဘေးရှောင်နေအိမ်တွေ ပြန်လည် ဆောက်လုပ်ဖို့နဲ့ ပြုပြင်ဖို့အတွက် အမိုးအကာ၊ ဝါး၊ သစ်တွေ ဝယ်ယူဖို့ ငွေကြေး အကူအညီ လိုအပ်နေသလို ဆေးဝါးလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“လုံးဝ ပျက်စီးသွားတဲ့အိမ်တွေ ရှိတယ်။ အဲလိုအိမ်တွေဆို အသစ်ကနေ ပြန်ဆောက်ရမယ်။ နည်းနည်းပါးပါး ပျက်စီးသွားတဲ့ အိမ်တွေဆို ပြုပြင်ဖို့လိုမယ်။ ပြီးတော့ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ လိုမယ်။ ဒါတွေ ဝယ်ယူဖို့အတွက် ကျနော်တို့မှာ ငွေကြေး လိုအပ်နေတယ်” ဆိုပြီး စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ မြစ်ရေဟာ ပြန်လည် ကျဆင်းပေမဲ့ မိုးဆက်လက် ရွာသွန်းနေတာကြောင့် ရေဘေးသင့်သူ စစ်ရှောင် ၆၀၀ ကျော်ဟာ ကျေးရွာခန်းမဆောင်၊ စာသင်ကျောင်းမှာ ပြောင်းရွှေ့နေထိုင်ရပါတယ်။

အဲဒီရေဘေးသင့်သူတွေဟာ လက်ရှိအချိန်ထိ အကူအညီ မရသေးတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

မီဇိုရမ်က ပလက်ဝ စစ်ရှောင်စခန်းမှာ လသားအရွယ်ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ဖြစ်ပွားနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ထိုင်းရဲချုပ် အမိန့်ကြောင့် ၆ ရက်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရ၊ အများစုကို စစ်မှုထမ်းအတွက် ပြန်ပို့နေ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃…

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးရမိ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မီဇိုရမ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်က…