ဓာတ်ပုံ- ZAU

မြတ်နိုး၊ ဇွန်လ ၂ ရက်၊ မြစ်ကြီးနား

မြစ်ကြီးနားမှာ ဒီနေ့ ဇွန်လ ၂ ရက် မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၂ လက်မခန့် ကျော်လွန်နေပြီ ဖြစ်ပါတယ်။

ရေဘေးသင့် အိမ်ခြေ ၈၀၀ ကျော် ရွှေ့ပြောင်းရကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနဲ့ ကချင်ပြည်နယ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“ရေတွေက တက်နေတာ။ မီးတွေလည်း ပျက်ကုန်ပြီ။ လောလောဆယ် ပစ္စည်းတွေကို ထပ်ခိုးပေါ်တော့ ရွှေ့ထားနေတယ်” လို့ မြစ်ကြီးနားမြို့ စီတာပူမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာတွေဘက် ရှောင်ရှားဖို့ သတိပေး နှိုးဆော်ထားပါတယ်။

ဒီနေ့မနက် ၄ နာရီခွဲကနေ ၇ နာရီခွဲအထိ ရေ အတက်အကျ မရှိဘဲ မြစ်ရေချိန် ၁၂၀၅ စင်တီမီတာမှာ ငြိမ်နေကြောင်း မြစ်ကြီးနား မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။

မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်အတွင်း မြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၈၁၀ ဘေးကင်းရာ ရွှေ့ပြောင်းရကြောင်း ကချင်ပြည်နယ်အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၃၁ ရက် မနက်ပိုင်းကစ ဧရာဝတီမြစ်ရေအရှိန်နဲ့ မြှင့်တက်လာခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီနေ့ ဇွန်လ ၂ ရက် ညနေအထိ ကချင်ပြည်နယ်မှာ နေရာကွက်ကြား မိုးကြီးနိုင်ပြီး မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုဖို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။