ဓာတ်ပုံ – ပြင်ဦးလွင်ခရိုင် ပကဖ

လွေးထွေး၊ ဇွန်လ ၁ ရက်၊ သပိတ်ကျင်း

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၄ မိုင်ရွာက စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ ဇွန်လ ၁ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိတဲ့အပြင် တပ်စခန်းနဲ့ပါ နီးစပ်မှုမရှိတဲ့ ၄ မိုင်ရွာရဲ့ ကန်သာစာသင်ကျောင်း ၂ ထပ်ဆောင်ကို ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံတစ်ဦးက “ဘာတိုက်ပွဲမှ မရှိဘူး။ ဘာတပ်စခန်းမှလည်း မရှိဘူး။ တမင်တကာ လူထုကို ပစ်မှတ်ထားပြီး ကလေးတွေကို ပစ်မှတ်ထား တိုက်နေတာဖြစ်တယ်။ ကလေးတွေ ကျောင်းမတက်သေးလို့ တော်သေးတယ်” လို့ ပြောပါတယ်။

၎င်းစာသင်ကျောင်းဟာ ကျေးရွာထဲမဟုတ်တာကြောင့် ကျောင်းဆောင်ကလွဲပြီး လူထုတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာ မရှိတဲ့အပြင် လူထိခိုက်သေဆုံးတာလည်း မရှိဘူးလို့ သူက ဆိုပါတယ်။

အလားတူ သိတ်ကျင်းမြို့နယ် လိတ်ကျရွာကို မေလ ၁၈ ရက်နဲ့ ၁၉ ရက်ကလ ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့လို့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီးတော့ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၇ လုံး ပျက်စီးခဲ့ရပါတယ်။

ဧပြီလကနေ မေလ ၁၇ ရက်အထိ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း စတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၇၂ ဦး သေဆုံးခဲ့ရပြီး ၁၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ မေလ ၁၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။