ဓာတ်ပုံ – CJ

ယာရူစိင်၊ မေလ ၃၀ ရက်၊ မင်းပြား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာကို အလည်လာတဲ့ ကလေးငယ် ၁ ဦး အိမ်ဘေးရှိမြောင်းထဲ ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာရှိ ဆွေမျိုးတွေထံ အလည်လာတဲ့ ကလေးငယ်ကို အိမ်မှာမတွေ့တာကြောင့် မိသားစုဝင်တွေက လိုက်ရှာပြီး ဒီနေ့ မေလ ၃၀ ရက် မနက် ၉ နာရီအချိန်မှာ အိမ်ဘေးရှိ ရေမြောင်းထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။

“သူ့အမေက ကြမ်းတိုက်ရွာသူပါ။ သူ့အမေရဲ့ ဆွေ‌မျိုးတွေက ရှင်ပြုပွဲ ဖိတ်ကြားထားလို့ လာလည်တာပေါ့နော်။ အခုသူအဖေလည်း မသိသေးရဘူး။ မလေးရှားနိုင်ငံမှာအလုပ်လုပ်ကိုင်နေပါတယ်။ ရေမြောင်းက အမြင့် ၄ ပေကျော်လောက်တော့ရှိတယ်။ ကလေးတစ်ယောက်ရဲ့ အရပ်နဲ့‌ဆိုတော့ နက်တာပေါ့‌နော်။ ဒီဘက်မှာကျ ဒီတလော မိုးအရမ်းရွာလို့ ရေမြောင်းလဲ ရေကြီးတာပေါ့”လို့ အထက်ပါ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်ဟာ အသက် ၅ နှစ်အရွယ် မောင်သူဟိန်းထွန်းဖြစ်ပြီး ပေါက်တောမြို့နယ် ရင်ရဲ့ကန်ကျေးရွာကနေ မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာကို မိခင်ဖြစ်သူနဲ့ အတူ အလည်လာကြတာဘဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်ကလဲ စစ်တွေမြို့နယ် သင်းပုန်းတန်းကျေးရွာကနေ ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာကို စစ်ရှောင်လာတဲ့ အမျိုးသမီး‌ငယ် ၄ ဦးဟာ ရေချိုးဖို့ ရေမြောင်းထဲကို ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးသွားခဲ့တာဘဲ ဖြစ်ပါတယ်။ ‌

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။