ဓာတ်ပုံ – AA

အိုက်ပွီး၊ မေလ ၂၉ ရက်၊ ရခိုင်

အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားပြီး စစ်သင်တန်းသို့ ပို့ဆောင်ထားတဲ့ ချင်းလူငယ် ၆၀ ဦးကို ပြန်လွတ်ပေးဖို့ ရခိုင်ပြည်နယ်အခြေစိုက် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) က မနေ့ မေလ ၂၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေက ချင်းလူငယ်တွေဖြစ်ပြီး ပြည်မသို့ ကျောင်းတက်ဖို့နဲ့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့ သွားရောက်စဥ် အမ်းမြို့နယ်ထဲက AA ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

“ဒီလထဲမှာပဲ ဖမ်းဆီးခံရတာပါ။ မြေပုံမြို့နယ်က အများစုပါတယ်။ သူတို့က ရွာမှာကျောင်းမဖွင့်လို့ ပြည်မဘက်ကို ကျောင်းတက်ဖို့သွားကြသူတွေနဲ့ ရွာမှာအလုပ်အကိုင်မရှိလို့ မိသားစုစားဝတ်နေရေးအတွက် ပြည်မဘက် အလုပ်လုပ်ဖို့ သွားကြသူတွေပါ။”လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေအများအပြားပါဝင်ပြီး ၎င်းတို့ဟာ ဖမ်းဆီးခံရကတည်းက မည်သည့်အဆက်အသွယ် မရရှိသလို့ တွေ့ခွင့်လည်း မရရှိတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

“ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာကိုတော့ သိပါတယ်။ တွေ့ခွင့်ရဖို့ တောင်းတယ်။ AA က တွေ့ခွင့်မပေးဘူး။ စစ်သင်တန်းပို့မယ်ကြားတယ်။ အသက်မပြည့်တဲ့သူတွေလည်းပါဝင်တဲ့အတွက် စစ်သင်တန်းတက်ခိုင်းမယ်ဆိုတော့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်။”လို့ ဖမ်းဆီးခံရတဲ့မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ULA/AA က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဌာန်းချက် (NDEP) ကို ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့က ထုတ်ပြန်ပြီး အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီး ၁၈ နှစ်မှ ၂၅ နှစ်တွင်း ရခိုင်ပြည်နယ်မှ ပြည်မသို့ ထွက်ခွာဖို့ တားမြစ်ထားပါတယ်။

NDEP ကို ရက္ခိုင်ဒေသက လူမျိုးစုတိုင်းနဲ့ သက်ဆိုင်တဲ့အတွက် ဌာနေချင်းလူမျိုးစုတွေကို အသိမှတ်ပြု တန်ဖိုးထားတဲ့အနေနဲ့ ဌာနေချင်းနိုင်ငံရေးအင်အားစုတွေနဲ့ ကြိုတင်ညှိနှိုင်းမှုတွေ ပြုလုပ်သင့်တယ်လို့ CPSC က ဆိုပါတယ်။

အပြန်အလှန် တန်ဖိုးထားမူ၊ အသိမှတ်ပြုမူသည် တိုင်းပြည်ကြန်အင်လက္ခာဏာတည်ဆောက်ရာမှာ အရေးကြီးတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။