ဓာတ်ပုံ – Local

မြတ်နိုး၊ မေ ၂၈၊ ဖားကန့်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ဘက်မှာ မနေ့ မေလ ၂၇ ရက်နေ့ ညပိုင်းကစ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ညကတည်းက လယ်ပြင်ဘက် အသံကြားနေရတယ်။ ကျနော်တို့ဘက်တော့ ဘာမှ မဖြစ်ဘူး။ မနေ့ည ပြေးနေကြတဲ့ ပုံက ကျောက်ဝိုင်းဘက်ကပါ။ လုံးခင်း ကျောက်ဝိုင်းက လူတွေပါ။ လုံးခင်းဘက် စစ်ကောင်စီတွေ ရှိပါတယ်။ အရင်ကတည်းက အကုန်မသိမ်းနိုင်သေးဘူးလေ။” လို့ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။

အခြေအနေအရ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

“တိုက်ပွဲက လုံးခင်းအနီးက လယ်ပြင်မှာလို့ပြောတယ်။ လုံးခင်းဘက် လက်ထောက်တွေနဲ့တော့ ပစ်တာ ရှိတယ်လို့ ပြောတယ်။ လုံးခင်းမြို့ထဲတော့ တိုက်ပွဲ ဝင်တာမျိုး မရှိသေးဘူး။ နေ့လယ်တုန်းကတော့ ခဏ ပစ်သံ ကြားရတာပဲ ဟုတ်တယ်။ အဲတာ လယ်ပြင် စစ်တပ်ကုန်းက စစ်ကောင်စီတွေထွက်လာလို့ PDF တပ်ဖွဲ့က နည်းနည်း ပစ်လိုက်တာလို့ ပြောတယ်။” လို့ ‌ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတွေက ကံဆီး နဲ့ ဆိုင်းတောင် ဘက်ကရော သုံးနေရာက ဆင်းလာပြီး လာကြိုဖို့ ပြင်ဆင်နေကြပေမယ့် အဆင်မပြေလို့ လယ်ပြင်ဘက်က ယမ်းချက်စက်ရုံဘက်ပဲ ပြန်ဝင်သွားတယ်လို့ကြားနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတွေက ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းကစ မြစ်ကြီးနားဘက်ကနေ ဖားကန့်ဘက် အင်အား ၆၀၀ ခန့် လမ်းကြောင်း သုံးကြောင်း နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

လမ်းကြောင်း တလျှောက်မှာ အင်အား ၃၀၀ ခန့် နေရာခွဲခန့်ချထားခဲ့သလို ထိခိုက် ဒဏ်ရာရနဲ့ သေဆုံးသူ ၁၀၀ နီးပါးရှိကာ လယ်ပြင်ဘက်တော့ အင်အား ၂၀၀ ဝန်းကျင် ရောက်ရှိလာတယ်လို့ သိရကြောင်း ရှေ့တနါးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။