ဓာတ်ပုံ – Local

ခိုင်လေး ၊မေလ ၂၈ ရက်၊ မကွီအိမ်နူးမြို့။

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဒေသ(၄)ဒိုင်ရ်ဒေသ မကွီအိမ်နူးမြို့မှာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဗဟိုစည်းရုံးရေးမှူး တစ်ယောက်ဖြစ်တဲ့ ဦးဟုန်းနိုင်းရွှီကို ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)က ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဦးဟုန်းနိုင်းရွှီဟာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဗဟိုစည်းရုံးမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ၎င်းရဲ့မိသားစုတွေထံ သွားရောက်လည်ပတ်ချိန် အခုလ မေလ၂၄ ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

“သူက မိသားစုတွေဆီမှာ အလည်သွားတာဖြစ်တယ်။ မသွားဖို့ တားသေးတယ်။ ချင်းလူမျိုးအချင်းချင်းက ဘာမှ လုပ်ကြမှာမဟုတ်ဘူးဆိုပြီး လက်နက်တောင်ယူမသွားဘူး။ အဲမှာပဲ CDF-Mindat စစ်ဦးစီးချုပ် ဦးထန်ချွန်ဖေရဲ့ ဖမ်းဆီးဖို့ အမိန့်ပေးမှုကြောင့် တပ်ရင်း ၆ တပ်ရင်းမှူး ဦးဆောင်တဲ့အဖွဲ့က နေအိမ်အတွင်း ဖမ်းဆီးသွားတာဖြစ်တယ်”လို့ ဦးဟုန်းနိုင်းရွှီနဲ့ နီးစပ်သူတစ်ယောက်က ရွှေဖီမြေကို ပြောပါတယ်။

၎င်းကို မင်းတပ်မြို့နယ်၊ ချပ်ကျေးရွာမှာ ထိန်းသိမ်းထားပြီး မနေ့ မေလ၂၇ ရက်နေ့က ၎င်းရဲ့ အစ်မဖြစ်သူနဲ့ တွေ့ဆုံခွင့်ရကြောင်းနဲ့ ကျန်းမာနေကောင်းကြောင်း နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အဆိုပါ ဦးဟုန်းနိုင်းရွှီ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)တို့ကို ရွှေဖီမြေက ဆက်သွယ်ထားပေမဲ့ လက်ခံဖြေကြားပေးတာ မရှိသလို ၎င်းနှစ်ဖွဲ့အနေနဲ့ တစုံတရာ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

ချင်းအမျိုးသားတပ်ဦး(CNF)ဟာ ချင်းပြည်ကောင်စီ ၊ ချင်းပြည်အစိုးရ အဖွဲ့ဝင်ဖြစ်ပြီး ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)ဟာ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၊ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပါတယ်။

ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ CNF နဲ့ နီးစပ်တဲ့ မင်းတပ်မြို့နယ်၊ အမ်လောင်းရွာက ကက်သလစ်ဘုန်းတော်ကြီး(အငြိမ်းစား) Fr. ကီးဟုန်းကို CDF Mindatက ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။