ဓာတ်ပုံ- CJ

ပို့လဘား၊ မေလ ၂၇ ရက်၊ မိုင်းငေါ့

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ ရွှေတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။

မိုင်းငေါ့မြို့ ကွမ်းစလန်း‌၊ နမ့်တွေနဲ့ ချုံအုပ်စုမှာ SSPP က ဒေသခံတွေရဲ့ ခွင့်ပြုချက်မရဘဲ ရွှေတူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှာကို စိုးရိမ်တာအပြင် TNLA နဲ့ SSPP ကြား အငြင်းပွားပြီး ပြဿနာ ဖြစ်လာမှာကိုလည်း စိုးရိမ်တာကြောင့် ရွှေ တူးဖော်မှုကို ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

“ဒေသခံတွေ လာကန့်ကွက်တယ် သူတို့ကလည်း ဆက်လုပ်မယ်။ ဒေသခံတွေရဲ့ စကားကို နားမထောင်ဘူး။ စစ်တပ်အချင်းချင်းပြောမှ လက်ခံမယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒေသခံတွေက ဘယ်အဖွဲ့ပဲဖြစ်ဖြစ် အဲလိုလုပ်ရင် ကန့်ကွက်ကြမှာပဲ။ အရင်နှစ်တွေက TNLA လက်အောက်ခံတွေ တူးတာရှိတယ်။ အဲဟာလည်း ကန့်ကွက်လာခဲ့တယ်။ သူတို့မတူးတော့ဘူး၊ အခုကျ SSPP‌ တွေ လာတူးနေကြတာ။ ချောင်းတွေလည်း ဘာမှရစရာမရှိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းငေါ့မြို့မှာရှိတဲ့ မိုင်းငေါ့ချောင်းနဲ့ နမ့်မချောင်း‌မှာလည်း ရွှေတူးဖော်တာကို ဒေသခံတွေ ကန်ကွက်နေပေမဲ့ လက်ရှိအချိန်ထိ SSPP က တူးဖော်တာတွေ ဆက်လုပ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

မိုင်းငေါ့မှာ တခြားအဖွဲ့အစည်းတွေလည်း ရွှေတူးဖော်မှု အလွန်အကျွံ လုပ်နေတာကြောင့် ချောင်းရေ နေ့စဉ် ညစ်ညမ်းနေပြီး သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်လာနိုင်ဖွယ် ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။