ဓာတ်ပုံ – TNLA

မိုင်းရူပ၊ မေလ ၂၇ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဓားပြတိုက်ဖို့ ကြံစည်နေသူ အမျိုးသား ၃ ဦးကို တအာင်းတပ်မတော် PSLF/ TNLA ရဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်မှာ မိုးကုတ်မြို့အရှေ့ပိုင်း မိုးကုတ်ကြယ်ကားဂိတ်အနီးက လက်ပစ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တအာင်းတပ်ရဲတပ်ဖွဲ့က စစ်ဆေးနေစဥ် ဓားပြတိုက်ဖို့ ကြံစည်နေသူ အမျိုးသား ၃ ဦးကိုပါ သေနတ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ကိုသူရမျိုးထက်၊ ကိုအောင်ရှင်သန့်နဲ့ ကိုနေမျိုးသူဆိုသူတို့ကို ဖမ်းဆီးမိတာဖြစ်ပြီး ၎င်းတို့နဲ့အတူ လက်လုပ်သေနတ် (၁) လက်၊ လက်ကိုင် ဓားမြောင် (၄) လက်၊ ပစ္စတို (၁) လက်နဲ့ ယာမဆေးပြား (၅၀) ပြား သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

“ဓားပြတိုက်ဖို့ ကြံစည်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့တွေက မိုးကုတ်မြို့အနောက်ပိုင်းမှာ ဖမ်းမိတာ။ ၃ ယောက်လုံး အမျိုးသားတွေပဲ” လို့ မိုးကုတ်မြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တအာင်းတပ်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ ဓားပြတိုက်မှုတွေ၊ ဗုံးဖောက်ခွဲမှုတွေ မကြာခဏဖြစ်ပွားနေပြီး ဖမ်းဆီးရမိသူ ၃ ဦးကို အရင်ဓားပြတိုက်မှုတွေနဲ့ ခိုးမှုတွေမှာ ပါဝင်ခဲ့ခြင်းရှိမရှိ တအာင်းတပ်ရဲဖွဲ့က ဆက်လက်စုံစမ်းနေဆဲလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်မှာ မိုးကုတ်မြို့ ရှော့လီဝိုင်းအုပ်စု ကန်တော်ရပ်ကွက်မှာ အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး လက်ပစ်ဗုံး လာရောက်ပစ်ခတ်ခဲ့ရာ ဒဏ်ရာရသူ ၆ ဦးအထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာ လုံခြုံရေး ကင်းလှည့်နေတဲ့ တအာင်းရဲတပ်ဖွဲ့တွေ ပစ်ခတ်ခံခဲ့ရပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့အတွင်း ဓားပြတိုက်မှု၊ ခိုးမှုနဲ့ ဗုံးဖောက်ခွဲမှု ပြုလုပ်သူတွေကို TNLA က ဆက်လက်ရှာဖွေနေပြီး ပြစ်မှုကျူးလွန်သူတချို့ မန္တလေးဘက်သို့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မိုးကုတ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။