ဓာတ်ပုံ – Local

‎ခိုင်လေး၊ မေလ ၂၆ ရက်၊ ကျောက်ထု

‎မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်က ကျောက်ထုတိုက်နယ် ကျောက်ထုရွာမှာ ကိုယ်ဝန် ၅ လ လွယ်ထားတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ယောဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန် ၅ လ လွယ်ထားတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်ထုမြို့နယ် အမှတ် (၃၆၈) အမြှောက်ရင်းက တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

‎”ကျောက်ထုမှာဖြစ်တာ။ အဲဘက်မှာ ကျောက်ထုအမြှောက်ရင်းက စစ်ကြောင်းထိုးနေတယ်။ ၃၆၈ အမြှောက်တပ်ရင်းက ကျူးလွန်တာပါ။ အသက် ၂၆ ကိုယ်ဝန် ၅ လ။ သေနတ်ဒဏ်ရာတွေ့သလို လှည်ပင်းလှီးဖြတ်ထားတာလည်း တွေ့ရပါတယ်။ အမျိုးတွေစီ သွားတာဗျ စစ်ဘေးရှောင်ပါ။ တစ်ယောက်ထဲပါ ခြေလျှင်တောလမ်းကနေ သွားတာပါ”

‎ထီးလင်းမြို့ ညောင်ကန်ကနေ ကျောက်ထုက ကံကြီးရွာအသွားမှာ ၂၃ ရက်နေ့က ပျောက်ဆုံးခဲ့တာဖြစ်ကာ ၎င်းရဲ့ ရုပ်အလောင်းကို မနေ့ ၂၅ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ခန့်မှန်းချက်အရ ၎င်းအမျိုးသမီးက ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကတည်းကသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ကလည်း ဂန့်ဂေါအခြေစိုက် စစ်ကောင်စီ ခမရ ၅၀ တပ်ရင်းနဲ့ အမြှောက်ရင်းတို့က ဂန့်ဂေါမြို့နယ်၊ လယ်မရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။