Photo- SSPP

လွေးဇွန်မိုး၊ မေလ ၂၆ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ပန်မွန်းရွာက ထွက်ပြေးသွားတဲ့ တပ်သားအစား ရွာခံတွေက တပ်သားသစ်တစ်ဦး ပြန်ထည့်ပေးပေမယ့် ဖမ်းဆီးသွားတဲ့ အမျိုးသမီးငယ် ၂ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက် မနက် ၇ နာရီ ဝန်းကျင်မှာ အသက် ၁၂ နှစ်အရွယ် လွေးအေးထွေးနဲ့ အသက် ၁၃ နှစ်အရွယ် လွေးအေးအွန်တို့ လက်ဖက်ခြံကို သွားနေစဥ် ဗိုလ်မှူးစိုင်းကွမ်းဦးဆောင်တဲ့ SSPP အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး တပ်သားအသစ် တစ်ဦးနဲ့ ကျေးရွာခံတွေကို ပြန်လာလဲခိုင်းတာ ဖြစ်ပါတယ်။

SSPP ထံ တပ်သားသစ်ပို့ပေးဖို့ ရွာခံတွေဘက်က တစ်အိမ်ကို အနည်းဆုံး ငွေ ၂ သိန်း ၈ သောင်းကျပ် ကနေ အများဆုံး ၄ သိန်း ဝန်ကျင်အထိ စုပေါင်းပြီး ပေးခဲ့ရတယ်လို့ ဖြစ်စဥ် သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“တချို့က နှစ်သိန်းရှစ်သောင်း၊ တချို့က သုံးသိန်းသုံးသောင်း၊ တချို့က လေးသိန်းနီးပါးလောက်ရှိမယ်။ အပြင်ရွာကပဲ လူငှားပေးတာ။ ရွာထဲမှာ လူသိပ်မရှိတော့ဘူး။ အဲဒါကြောင့်မို့ အပြင်မှာသွားငှားပေးရတာ”

ဒေသခံတွေဘက်က တပ်သားသစ်တစ်ဦးကို သိန်း ၈၀ နဲ့ငှားပြီး အစားထိုး ပို့ပေးခဲ့ပေမယ့် SSPP တပ်က ဖမ်းဆီးထားတဲ့ ကလေး ၂ ဦးကို ဒီနေ့ မေလ ၂၆ ရက်အထိ ပြန်လွှတ်ပေးတာမရှိပဲ နောက်ထပ်တပ်သားတစ်ဦး ထပ်ပေးခိုင်းနေတယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“သူတို့ပြောတာ ၂ ယောက်ပေးရမယ်တဲ့။ ကလေးတွေကိုလည်း ပြန်မလွှတ်ပေးသေးဘူး။ အရင်က သူတို့ပြောတာ တစ်ယောက်အစားထိုးပို့ပြီးမှ ကလေးကို လွှတ်ပေးမယ်တဲ့။ တစ်ယောက်ပို့ပေး‌ပြီ။ အခုကျတော့ ပြန်မလွှတ်ပေးသေးဘူးတဲ့။ နောက်‌တစ်ယောက် ပြန်ပေးခိုင်းတယ်။ နောက်တစ်ယောက် ပြန်ရှာရမှာ။ နှစ်ယောက်ဖြစ်သွားတာ”

လက်ရှိမှာ အဲအမျိုးသမီးငယ် ၂ ဦးကို လွယ်ခူးရွာရှိ SSPP တပ်စခန်းမှာ ဖမ်းဆီးထားဆဲဖြစ်ပြီး SSPP တပ်သားတွေစားဖို့ ထမင်း၊ ဟင်းတွေ ချက်ခိုင်းနေတယ်လို့ ဆိုပါတယ်။

မိုင်းကိုင်မြို့နယ်က လုံစံ၊ နောင်တော၊ ကုန်းပေါင်း၊ လွဲရွဲ၊ မောက်လျံ၊ နောင်စံဖူး၊ တုံလော၊ ပန်ကေတု၊ ဟမ်းငိုင်း၊ ဟိုခဲ စတဲ့ရွာတွေမှာ ပြီးခဲ့တဲ့နှစ်တွေက တစ်ရွာကို လူတစ်ဦးသာ SSPP တပ်ထဲသွားရပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး SSPP တပ်က တစ်အိမ်ကို တစ်ဦးနှုန်း စစ်မှုထမ်းဖို့ ကောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။