ဓာတ်ပုံ – AA

အိုက်ပွီး၊ မေလ ၂၆ ရက်၊ တောင်ကုတ်

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်မှာ အာရက္ခတပ်တော်(AA) ရဲ့ စစ်မှုထမ်းကိစ္စ ဆန္ဒပြတဲ့ အရပ်သား ၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး တစ်ပတ်အကြာထိ ပြန်မလွတ်ပေးသေးဘူးလို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ကံပြင်၊ သကယ်ကျွန်း၊ ဆားပြင်၊ တန်းလွဲရွာမ၊ ကင်းတောင်ရွာ၊ လမို့မော်ရွာ စတဲ့ကျေးရွာဒေသခံပြည်သူတွေဟာ AA ရဲ့ စစ်မှုထမ်းကိစ္စကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“ရွာသားတွေက စစ်မှုထမ်းကိစ္စ ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒဖော်ထုတ်နေကြတာပါ။ အဲဒါကို AA ဘက်ကနေပြီး သေနတ်ပစ်ဖောက် လူစုခွဲခိုင်းပြီး အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ သူတို့တွေကို ဒီကနေ့ထိ ပြန်မလွတ်ပေးသေးဘူး။”လို့ တောင်ကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်၊ ထောင်ဝင်စာပို့ခွင့် မရရှိခဲ့တဲ့အပြင် လာရောက်တွေ့ဆုံသူတွေပါ AA တပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဖမ်းဆီးထားတဲ့သူတွေကို ဘယ်မှာထားလဲဆိုတာ နေရာ သိတယ်။ သွားတွေ့တယ်။ တွေ့ခွင့် မရဘူး။ အမှန်ဆို တွေ့ခွင့်ရရမယ်။ ထောင်ဝင်စာ ပို့လို့ရ ရမယ်။ အခုလာတွေ့တဲ့သူကို ခြိမ်းခြောက်ပြီး ပြန်လွတ်တယ်။ ဒါ လုံးဝ မဖြစ်သင့်ဘူး။”လို့ တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းခံရသူတွေထဲမှာ လူငယ်မိဘတွေ၊ အသက်ကြီးပိုင်းတွေအများစုဖြစ်ပြီး လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအစောပိုင်းက တောင်ကုတ်မြို့နယ်က ကျေးရွာတွေမှာ AA တာဝန်ခံတွေက ရောက်ရှိလာပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်နေတာကြောင့် ရွာသားတွေက ကန့်ကွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က အမျိုးသား အသက် ၁၈ နှစ် မှ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုပါက အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း စစ်မှုထမ်းအကျုံးဝင်သူတွေကို ပြင်ပထွက်ခွာခွင့် ကန့်သတ်ကြောင်း AA က မေလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။