ဓာတ်ပုံ – Telegram

ရွှေဖီမြေ၊ မေလ ၂၆ ရက်

ရှမ်းအရှေ့ ကျိုင်းတုံမြို့ရှိ စစ်ကောင်စီရဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိနေချိန် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်-NDAA ဒုဥက္ကဌ ဦးစန်ပေ့နဲ့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မနေ့ မေလ ၂၅ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NDAA နဲ့ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အတွင်း တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံမှုအတွင်း NDAA ဘက်က မိုင်းလားဒေသမှာ ဘယ်နိုင်ငံရေးအဖွဲ့ကိုမှ လက်ခံထားတာမရှိဘဲ ဒေသတွင်းနဲ့ နိုင်ငံတော်တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိုင်းလားဒေသမှာ အစိုးရနဲ့မူဝါဒအတိုင်း ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းလားတပ် NDAA ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ မကြာခဏတွေ့ဆုံတာတွေ ပြုလုပ်ခဲ့ပြီး မြန်မာပြည်တွင်းရေးမှာ ဘက်မလိုက်တဲ့မူကို ကိုင်စွဲထားတယ်လို့ ထုတ်ပြောထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

မိုင်းလားတပ်ဖွဲ့ NDAA ဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့ပြီး မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသတွေကို အထူးဒေသ-၄ အဖြစ် အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။