ဓာတ်ပုံ – The Kokang

ရွှေဖီမြေ၊ မေလ ၂၆ ရက်

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ဒေသက စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ CDM ဆရာ/မ တွေဖိတ်ခေါ်ကြောင်း မနေ့ မေလ ၂၅ ရက်မှာ ကိုးကန့်တပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ခုနှစ်က ကိုးကန့်တပ်ထိန်းချုပ်ဒေသမှာ ကျောင်းပေါင်း ၂၂ ကျောင်းဖွင့်လှစ်ထားပြီး လာမယ့် ၂၀၂၅-၂၆ ပညာသင်နှစ်မှာ စာသင်ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခြေခံပညာကျောင်းတွေမှာ CDM ပြုလုပ်ထားသူဆရာမ/မ တွေ၊ တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရရှိထားသူတွေနဲ့ CDM ပြုလုပ်ထားတဲ့ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ အထူးဒေသ- ၁ မှာ တာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့ လာရောက်လျှောက်နိုင်တယ်လို့ ဆိုထားပါတယ်။

လျောက်ထားလိုသူတွေအနေနဲ့ အောက်ဖော်ပြပါလင်ခ့်

https://www.surveyheart.com/form/681f04f3f061e226ef143cf4 နဲ့ တယ်လီဂရမ်ချန်နယ်မှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်ဟာ လက်ရှိမှာ သိန္နီ၊ ကွမ်းလုံ၊ ချင်ရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ တာမိုးညဲနဲ့ ပန်ဆိုင်း(ကြူကုတ်)မြို့တွေကို ထိန်းချုပ်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။