မိုင်းရူပ၊ မေလ ၂၅ ရက်၊ ဘောလခဲ
ကရင်နီပြည် ဘောလခဲမြို့အနီးရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းသိမ်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ မေလ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်မှာ ဘောလခဲမြို့အနီးရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းသိမ်းတိုက်ပွဲမှာ ဖားဆောင်း PDF ရဲ့ အမှတ် ၁၁၀၈ တပ်ရင်းက ရဲဘော် မင်းဇော်နဲ့ ရဲဘော် စိုးနေလင်းဦး ကျဆုံးခဲ့တာပါ။
စစ်ကောင်စီရဲ့ ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ချိန် စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း ဖားဆောင်း PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဘောလခဲမြို့အနီးက ကာကင်းစခန်းကို ဝင်တိုက်တာ။ စကစဘက်က ထိခိုက်သေဆုံးတာ ရှိပါတယ်။ လက်နက်ခဲယမ်း အနည်းငယ် ရပါတယ်”
ဘောလခဲမြို့နယ်မှာ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးတပ်တွေအကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာလည်း ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။