ဓာတ်ပုံ- Local

မြတ်နိုး၊ မေလ ၂၅ ရက်၊ လိုင်ဇာ

ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာ အုပ်ချုပ်ရေးနယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ KTV ဆိုင်နဲ့ Melody ဆိုင်အားလုံး လက်ရှိအခြေအနေပေါ် မူတည်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ KIO အုပ်ချုပ်ရေးဌာနက အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

“ဘာကြောင့် ပိတ်ရတာလဲဆိုတော့ လက်ရှိ ကချင်ဒေသရဲ့ နိုင်ငံရေးအခြေအနေကြောင့်ပါ။ ရှင်းပြရရင် အရမ်းရှည်လို့ အတိုချုပ်ကတော့ အဲဒါကြောင့်ပါပဲ” လို့ လိုင်ဇာရှိ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မေလ ၂၄ ရက်ကစ KTV ဆိုင်နဲ့ Melody ဆိုင်တွေကို ပိတ်ထားဖို့ တရားဝင် အသိပေးထားပြီး ဆိုင်ပိတ်ထားဖို့ ကြေညာထားတဲ့ ကာလအတွင်း ဆိုင်ဖွင့်တာ၊ သတ်မှတ်ချက် စည်းကမ်း ချိုးဖောက်တာရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်‌ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

KTV ဆိုင်နဲ့ Melody ဆိုင်တွေ ပြန်လည် ဖွင့်လှစ်လို့ရမယ့် အခြေအနေရောက်ရင် မြို့နယ် အုပ်ချုပ်ရေးရုံးကနေ အသိပေးသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ကတော့ ဒီရက်ပိုင်းအတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် ဖားကန့်လမ်းပိုင်းနဲ့ ဝိုင်းမော်မြို့နယ်မှာ ဆက်တိုက် ထိုးစစ်ဆင်နေသလို ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။