ဓာတ်ပုံ – KNU

လွေးဇွန်မိုး၊ မေလ ၂၄ ရက်၊ သထုံ

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူလေး အုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ မေလ ၂၃ ရက်က ပဲခူးတိုင်း၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်၊ မတောကုန်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ရွေဝါခြေမြန်တပ်ရင်း (ခမရ-၃၀၇)က ဟောင်ဝစ်ဇာလက်နက်ကြီး ၁၅၅ မမ ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် မတောကုန်းကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ဒေါ်စန်းကြည် နဲ့ နရွဲပင်ကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၇၅ နှစ်အရွယ် နော်အေးရွှေ တို့ ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အပစ်ရပ်ကာလ တစ်လထပ်တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ပိုမိုတိုက်ခိုက်လာနေတယ်လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

“ပြည်သူလူထုကို လက်စားချေတဲ့သဘောနဲ့ မင်းတို့ တော်လှန်ရေးသမားတွေကို ထောက်ခံရကောင်းလားဆိုပြီးတော့ အဲလို သဲသဲမဲမဲ တုန့်ပြန်တာတွေက တွေ့နေရတယ်လေ။ ကျနော်တို့အနေနဲ့ကတော့ ဒါက အင်မတန်မှားယွင်းတဲ့ လုပ်ရက်တွေပဲ။ ဒါပေမယ့် သူရလာတဲ့ ဆိုးကျိုးရလဒ်တွေကတော့ သူ့အတွက်တော့ မကောင်းဘူး။ ဒါပေမယ့် ပြောနေတာလည်း များပြီ။ ကျနော်တို့မြင်တာကတော့ သူက သေမထူးနေမထူးပဲ။ ဒီအတိုင်းပဲ ဆက်မိုက်သွားနေမှာပဲလို့မြင်တယ်”

အလားတူ ဆောထိ(ရွှေကျင်) မြို့နယ်မှာလည်း ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ထင်ကျော်ရော်ဘာခြံ နတ်စဉ်တံတားမှာ ခရီးသွာလာနေတဲ့ ဒေသခံတွေကို သံဆိမ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက K3 သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝိုင်ကျွန်းကျေးရွာမှ အသက် ၅၄ နှစ်အရွယ် ဦးမင်းအောင်နဲ့ တပင်ချောင်းကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းဌေး တို့ သေဆုံးခဲ့ပြီး တပင်ချောင်း ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် အောင်ဇေယျာထွန်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၁ ရက် ည ၈ နာရီခွဲဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ သထုံမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းရွာထဲကို စစ်ကောင်စီရဲ့ အမြောက်တပ် (အမတ − ၃၁၄) မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၈ နှစ်အရွယ် နော်အေးနိုင် သေဆုံးခဲပြီး အသက် ၄၈ နှစ်အရွယ် နော်မီးနု နဲ့ သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် နော်ခင်ပပလေးတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပဏ္ဍိကုန်းရွာက နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ မူးမြို့နယ်က အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က မေလ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။