ဓာတ်ပုံ – CJ

‎ခိုင်လေး၊ မေလ ၂၄ ရက်၊ မင်းကင်း

‎စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က သာစည်ရွာနဲ့ မင်းစုရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ လေကြောင်းကနေ ပေါင် ၃၀၀ ဗုံး‎ ကြဲချတိုက်ခိုက်ခဲ့တာ‌ကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

‎မနေ့ မေလ ၂၃ ရက် နေ့လယ်၂ နာရီ ၄၅ မိနစ်ခန့်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သာစည်ရွာနဲ့ မင်းစုရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်း ဖိုရမ်ဖက်ဒရေးရှင်း ဒုဥက္ကဌက ရွှေဖီမြေကိုပြောပါတယ်။

‎”မင်းစုနဲ့ သာစည်ဆိုတဲ့ ရွာနှစ်ရွာကို ရှေ့ဆင့် နောက်ဆင့်ဘဲ ဗုံးကြဲတယ်။ ကလေးငယ် အပါ ၁၇ ယောက်သေတယ်။ ဒဏ်ရာရတာက ၂၀ လောက်ရှိမယ်။ ပေါင် ၃၀၀ ဗုံး ပတ်ချာလည်တော့ ဖြစ်ဖို့များတယ်။ ၅၀၀ တော့မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာလဲ မရှိဘူး။ အဲရွာမှာက လုပ်ငန်းလုပ်နေတဲ့ ချိန်ဆိုတော့ လူစုရုံးတာတွေတော့ ရှိတယ်”လို့ ဆိုပါတယ်။

‎ပြီးခဲ့တဲ့ မေလ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က မုံရွာမြို့ အထိုင်စခန်းကနေပြီးတော့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ထုတာတွေ လေကြောင်းနဲ့ တိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် နဂါးတွင်းက ဒေသခံ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရ ခဲ့တယ်လို့ ‌မုံရွာဒေသခံ တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

‎”ကျား ၁ မ ၁ ပြည်သူ ၁၂ဦး နဲ့ အိမ်မွေးတရိစ္ဆာန်တွေပါ ထိတယ်။ ချောင်းဦးနယ်ဘက်မှာလည်း တောက်လျှောက်ထုနေတာ။ ၁၅ ရက်နေ့ညက ထုတာနေအိမ်တွေကော မီးလောင် အသေအပျောက်က ၅ ယောက်။နေအိမ်က ၁၀ လုံးဗျ။ ကိုရင်ငယ်လေး ၁ပါးပါတယ်။ မိသားစုလိုက် မီးလောင်ပြီး ပွဲချင်းပြီးသေတာပါဗျ”လို့ ဆိုပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်ဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆရာမနှစ်ဦးအပါအဝင် ကလေးငယ် စုစုပေါင်း ၂၄ ဦးအထိ သေဆုံးခဲ့ရပြီး ရာနဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။