ဓာတ်ပုံ- Local

မိုင်းရူပ၊ မေလ ၂၃ ရက်၊ မိုင်းရယ်

ရှမ်းမြောက် မိုင်းရယ်မြို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP တပ်ဖွဲ့ဝင်တွေ စီးလာတဲ့ ကားတစ်စီးဟာ ဆီဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ မိုင်းရယ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၂၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ SSPP တပ်ဖွဲ့ဝင်တွေ စီးလာတဲ့ ကားတစ်စီးဟာ မိုင်းရယ်မြို့အထွက်ရှိ ပန့်ဆီဆိုင်မှာ ဆီဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး SSPP တပ်ဖွဲ့ဝင်နဲ့ ဆီဆိုင်ဝန်ထမ်းတချို့ ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့ ဒဏ်ရာ ရတဲ့သူတွေ မိုင်းရယ်ဆေးရုံမှာ ရောက်နေတာ တွေ့တယ်။ ဆီဆိုင်မှာ ပေါက်ကွဲမှုဖြစ်တာ။ ဆီဖြည့်ရင်းနဲ့ ပေါက်ကွဲမှုဖြစ်တာ။ ဖြစ်တာလည်း ရှမ်းစစ်သားပဲ။ တစ်ယောက်က ပေါင် ပြတ်သွားတယ်” လို့ ဖြစ်စဉ်ကို သိရှိတဲ့ မိုင်းရယ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်ကွဲမှာ SSPP တပ်ဖွဲ့ဝင်ရဲ့ လက်ပစ်ဗုံး ပြုတ်ကျပြီး ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောဆိုနေကြပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေရဲ့ အရေအတွက် အတိအကျကို မသိရသေးဘဲ ဒေသတွင်း သတင်းဌာနတွေမှာတော့ ဒဏ်ရာရသူ ၆ ဦးရှိကြောင်း ရေးသားဖော်ပြကြပါတယ်။

မိုင်းရယ်မြို့ထဲ စစ်တပ်အပြင် SSPP တပ်လည်း သွားလာလှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။