ဓာတ်ပုံ – Local

ခိုင်လေး၊ မေလ ၂၃ ရက်၊ စစ်ကိုင်း

‎စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုပ်စက်ရပ်ကွက်ထဲက လမ်းသွားနေတဲ့ ဒေသခံ အမျိုးသား ၁ ဦးကို စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်က ပျူစောထီးခေါင်းဆောင် အောင်အောင်ဦးတို့ အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ ပြည်သူ့ဘက်တော်သားအဖွဲ့ သတင်းတာဝန်ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၂၀ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က အုပ်စက်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက ကား ၃ စီးနဲ့ ရောက်ရှိလာပြီး အသက် ၃၅နှစ်အရွယ် ဒေသခံ အမျိုးသား ၁ ဦးကို ဖမ်းဆီးကာ လူမဆန်စွာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

‎”သူက စစ်တပ်နဲ့ရော တော်လှန်ရေးတပ်တွေနဲ့ရော ဘာမှ ပတ်သက်မှုမရှိပါဘူး။ ဖမ်းဆီးပစ်သတ်သွားပြီးတော့ နာရေးကူညီမှုအသင်း တစ်ခုကို အလောင်းလာကောက်ခိုင်းပြီး စကစတွေက တခါတည်း သဂြိုလ်ခိုင်းလိုက်တာ”

‎ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကနေ မေလ ၂၀ ရက်နေ့ထိ စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး လမ်းသွားလမ်းလာ တဲ့သူတွေကို တားဆီးပြီး စစ်ဆေးကာ လူငယ် ၂၂ ယောက်ကိုလည်း ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတာလည်းရှိခဲ့တယ်လို့ အထက်ပါ ၎င်းက ဆက်ပြောပါတယ်။

‎”ဘယ်လို ပုံစံနဲ့ ဖမ်းလဲဆိုတော့ ကားတွေနဲ့ ဝင်ရောက် ဖမ်းတာတွေရှိတယ်။ အရပ်ဝတ်နဲ့ ဖမ်းတာတွေလည်း ရှိတယ်ဗျ။ ပြီးတော့ မိန်းလမ်းတွေမှာလည်း ဖမ်းဆီးတာတွေရှိတယ်ဗျ။ စစ်ကိုင်းမှာတော့ နေ့စဥ်နဲ့အမျှ ဖမ်းဆီးနေတာဗျ”

‎မနေ့ မေလ ၂၂ ရက် ည ၄ နာရီ ၂၂ မိနစ်က ပန်းတောရပ်ကွက်နေ ကျောက်ပွဲစား မောင်မောင်ဆိုသူကိုလည်း တကောင်းရပ်ကွက်က ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီခန့်အုပ်ကြီး မြင့်ဇော်တို့ ပူးပေါင်းပြီး ကား ၅ စီးနဲ့ ၎င်းရဲ့နေအိမ်အထိ လာရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

‎စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပေါင်းပြီး အခုလို့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပေါ်တာဆွဲနေတာတွေကြောင့် စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်အချို့ကလမ်းတွေမှာဆို လူအသွားအလာ သိပ်မရှိကြတော့ဘူးလို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။