ဓာတ်ပုံ – Local

အိုက်ပွီး၊ မေလ ၂၁ ရက်၊ တီးတိန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

တီးတိန်မြို့နယ် ကလေး-သိုင်းငင်း ကားလမ်းပေါ်က မွှာလ်ပီကျေးရွာအနီးမှာ ဒီနေ့ မေလ ၂၁ ရက်နေ့၊ မနက် ၈ နာရီမှာ ကလေးမြို့ကနေ စစ်ကား ၁၅ စီးနဲ့ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

“စစ်ကြောင်းက ဘယ်မြို့ကို ဦးတည်ပြီး တက်လာတယ်ဆိုတာ မသိရသေးဘူး။ ဒါပေမယ့် အခုမွှာလ်ပီရွာကျော်လာပြီ။ ဒီနေ့မနက် မွှာလ်ပီရွာအကျော်မှာ ပစ်ခတ်သံတွေကြားနေရပြီ။ စစ်ကောင်စီတပ်ဘက်ကလည်း ပါလာတဲ့လက်နက်ကြီးကျည်တွေ အဆက်မပြတ် ပစ်ခတ်နေပါတယ်။”လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့မနက်ဖြစ်ပွားတဲ့ တိုက်ပွဲဟာ နေ့လယ် ၁၂ နာရီထိ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

“တိုက်ပွဲက နေ့လယ်အချိန်ထိ ပစ်ခတ်နေတုန်းပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပိုအသုံးပြု ပစ်ခတ်လာတယ်။ ချင်းကာကွယ်ရေးတပ်ဘက်ကလည်း အင်အားတွေ ပိုအသုံးပြုတယ်။ လက်ရှိ နှစ်ဖက်ထိခိုက်မူရှိ အခြေအနေမသိရသေးပေမယ့် တိုက်ပွဲက ပြင်းထန်နေပါတယ်။ စစ်ကောင်စီ စစ်ကြောင်းကလည်း တိုက်ပွဲပြင်းထန်နေလို့ ရှေ့ဆက်မတိုးနိုင်သေးပါဘူး။”လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကလေး-သိုင်း ကားလမ်းပေါ်က မွှာလ်ပီး၊ ဗွန်ဆဲန်း၊ ထေဇန်နဲ့ အခြားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်နဲ့ တောင်ယာတဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကလေး-သိုင်းငင်း ကားလမ်းဟာ တီးတိန်းမြို့ကို ရောက်ရှိသလို ဖလမ်းမြို့ကိုလည်း ရောက်ရှိတဲ့အတွက် စစ်ကောင်စီ စစ်ကြောင်းဟာ ဘယ်မြို့ကို ဦးတည်ထိုးစစ်ဆင်နေတယ်ဆို မသိရှိရသေးပါဘူး။

ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီး တီးတိန်မြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားကာ စစ်အုပ်ချုပ်ရေးယန္တယားတွေ လှည်ပတ်နေဆဲဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။