ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ မေလ ၂၁ ရက်၊ လွိုင်လင်

ရှမ်းတောင် တောင်ကြီးမြို့နဲ့ လွိုင်လင်မြို့ကြားမှာ မိုးရွာသွန်းပြီး မြေ‌ပြိုကျတာကြောင့် ညဘက် ကားအသွားအလာတွေကို ၁၅ ရက်ပိတ်ပင်ထားမယ်လို့ ခရီးသွားသူတွေဆီက သိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်က မိုးရွာသွန်းမှုကြောင့် တောင်ကြီးနဲ့ လွိုင်လင်ကြားမှာ မြေပြိုကျပြီး ရွံ့တွေထူထပ်နေတာကြောင့် လမ်းပြင်နေတဲ့အချိန် ညပိုင်းကားအသွားအလာတွေကို ၁၅ ရက်ကြာလမ်းပိတ်ထားတယ်လို့ ကားသမားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“မနှစ် မိုးရာသီကုန်ခါနီးကတည်းက အဲ့လမ်းပြိုကျ‌တာ ပြိုကျပြီးကတည်းက ကတ္တရာမခင်းဘူးလေ။ မြေသားပဲရှိသေးတဲ့ အချိန်ကျတော့ အခုမိုးရွာတယ်တောင်တွေပြန်ပြိုတယ်။ တောင်တွေပြန်ပြိုတော့ ရွံ့ဗွတ်တွေဖြစ်တယ်။ လမ်းပေါ်တွေပိတ်တယ်။ ကားတွေသွားလို့မရဘူး။ ကားအနိမ့်‌တွေဆိုရင် တစ်ဝက်ထိမြှုပ်တယ် အဲ့ဒါကြောင့် သူတို့လမ်းပြန်ပြင်နေတာ တစ်ဖက်ချင်းစီပြင်ပြီးတော့ နေ့ဆိုကားတွေလွတ်တယ်။ ညဆိုကားတွေပေးမသွားဘူး။ ညဆိုသူတို့လမ်းပြန်ရှင်းတာ”လို့ ဆိုပါတယ်။

မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် တောင်ကြီး လွိုင်လင်လမ်းကို မေလ ၂၀ ရက်‌ကနေ ဇွန်လ ၃ ရက်အထိ ညပိုင်းသွားတဲ့ကားတွေကို ပိတ်ထားမယ်လို့တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

လမ်းပိတ်ဆို့မှုကြောင့် ကားသမားတွေအတွက် အချိန် ကြန့်ကြာမှုဖြစ်စေပြီး ကုန်ပစ္စည်း‌နဲ့ အရေးပေါ်ကားတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ အထက်ပါကားသမားက ‌ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက် မိုးရွာသွန်းမှုကြောင့် တောင်ကြီး‌မြို့ပေါ်က ရပ်ကွက်တွေအများစု ရေကြီးရေလျှံကြုံ‌ခဲ့ရပြီး ရပ်ကွက်ထဲက နေအိမ်ထဲဝင်ရောက်ပြီး ပစ္စည်း‌ဆုံးရှုံး‌မှုတွေ ကြုံခဲ့ရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။