ဓာတ်ပုံ – CJ

‎ခိုင်လေး၊ မေလ ၂၁ ရက်၊ မြိုင်

‎မကွေးတိုင်း မြိုင်မြို့နယ် အနောက်မြောက်ဘက်ခြမ်းက ဗဟင်းရွာက စာသင်ကျောင်းအနီးမှာ ရှိတဲ့ ထမင်းဆိုင်တစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော် ၄ ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

‎မနေ့ မေလ ၂၀ ရက် ည ၅ နာရီခွဲ ဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”ပေါင်ဘယ်လောက်နဲ့ လာချသွားတာလဲ ဆိုတာကိုတော့ အသိအကျတော့ မသိရဘူးဗျ။ စာသင်ကျောင်းအနီးက ထမင်းဆိုင်မှာကျတာ။ အဲမှာ ထမင်းဝင်စားနေတဲ့ PDF ရဲဘော် ၄ ဦးနဲ့ ဒီဆိုင်ရှင် သားအမိ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့ ‎သိရပါတယ်ဗျ”

‎ကျဆုံးသွားတဲ့ PDF ရဲဘော် ၄ ဦးဟာ ‎ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ (၃) TRIPLE-R တပ်ဖွဲ့ မှ တပ်ခွဲမှူး ရဲဘော်ဇော်မြတ်၊ ရဲဘော်ဒေးဗစ် ၊ ရဲဘော်မွန်း ၊ ရဲဘော်လင်းယုန် ဆိုသူတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၉ ရက် ည ၈ နာရီခွဲဝန်းကျင်ကလည်း မြိုင်မြို့နယ်အရှေ့မြောက်ဘက်ခြမ်းက ဖျသီးရွာအနီးကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

‎စစ်ကောင်စီတပ်ဟာ အခု ရက်ပိုင်း အများပြည်သူအသုံးပြုနေတဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးအပြင် ဒေသခံတွေ နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်‌နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဝေဟင်သတိ အမြဲရှိဖို့ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတွေက အသိပေးတိုက်တွန်းထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။