ဓာတ်ပုံ – PSLF/TNLA

ပို့လဘား၊ မေလ ၂၀ ရက်၊ မန်တုံ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့နယ်မှာ သက်တမ်းကုန်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို တအာင်းရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ လိုက်လံစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ဆေးရရှိထားတဲ့ သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက”အဲလိုစစ်တာတွေ ကောင်းပါတယ်။ သက်တမ်းကုန်တဲ့ဟာတွေ မရောင်းတာပဲ ကောင်းတယ်။ ကျန်းမာရေးအတွက်ကြည့်မယ်ဆိုရင်ပေါ့။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်အတွက် ပြန်ကြည့်ရင်တော့ နစ်နာတာပေါ့။ ဆိုင်တိုင်းတော့ အခုထိမရောက်သေးဘူး။ တချို့ဆိုင်တွေပဲ စစ်ရသေးတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှာလည်း နမ့်ခမ်းမြို့နယ် မိုင်းဝီးမြို့အတွင်း မြို့စီမံအုပ်ချုပ်ရေးကော်မတီကသက်တမ်းကုန်ဆုံးနေတဲ့ ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်း‌တွေကို လိုက်လံစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သက်တမ်းကုန်နေတဲ့ စားသောက်ကုန်ပစ္စည်းတွေကို လိုက်လံစစ်ဆေးရာမှာ ဝယ်ယူစားသုံးနေတဲ့ ဒေသခံတွေကို သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို မဝယ်မိရန် စစ်ဆေးတာဖြစ်ပြီး ရောင်းချနေတဲ့ ဆိုင်ပိုင်ရှင်တွေကိုလည်း ထပ်မံရောင်းချတာတွေ မပြုလုပ်ဖို့ ပထမအကြိမ် သတိပေးခဲ့တာဖြစ်ပြီး ထပ်မံတင်သွင်းရောင်းချပါက ပစ္စည်းတွေရဲ့ တန်ဖိုးအတိုင်း ပြန်လျော်ပေးရမှာဖြစ်တယ်လို့ TNLAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကလည်း နမ္မတူမြို့ မြို့မဈေးထဲမှာ သက်တမ်းကုန်နေတဲ့ စားသောက်ကုန်၊ အလှကုန်နဲ့ ဆေးဝါးတွေကို PSLF/ TNLA ရဲ့ ရဲတပ်ဖွဲ့တွေက လိုက်လံစစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။