လွေးထွေး၊ မေလ ၂၀ ရက်၊ တန့်ယန်း

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့နဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ တပ်သားသစ် စုဆောင်းနေတာကြောင့် လူထုတွေ အခက်ကြုံနေရကြောင်း တန့်ယန်းမြို့နေ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

UWSA က လူစုပေးဖို့ ပြီးခဲ့တဲ့ မေလ ၁၅ ရက်က ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးတစ်ရပ်ခေါ်ယူကာ ပြောဆိုခဲ့တာဖြစ်ပြီး စစ်သားအဖြစ် စုဆောင်းခံရသူတွေအနေနဲ့ စစ်သင်တန်း ၆ လ တက်ပြီးပါက မိမိရပ်ရွာဒေသအတွက် လုံခြုံရေး ပြန်လုပ်ဖို့အတွက်သာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဟိုတာအုပ်စုနေ ဒေသခံတစ်ဦးက “ဒီနေ့နောက်ဆုံး စာရင်းကောက်တာဖြစ်တယ်။ မသွားလို့မရဘူးတဲ့။ လူထုတွေက ကြောက်ကြတယ်။ မသွားချင်ကြဘူး။ ဒါပေမဲ့ အမိန့်ဆိုတော့လေ။ ဟိုအဖွဲ့က ကောက်လိုက်၊ ဒီအဖွဲ့က ကောက်လိုက်နဲ့ ရွာကလူတွေ ကုန်တော့မယ်” လို့ ပြောပါတယ်။

တပ်သားသစ်အတွက် စာရင်းကောက်ခံတဲ့ အုပ်စုတွေထဲမှာ ဟိုတာအုပ်စု၊ နားဟုတ်အုပ်စု၊ လုံမုံအုပ်စု၊ နောင်ဖာအုပ်စု၊ နမ့်ဟူးအုပ်စု၊ မိုင်းကျိုင်အုပ်စု ၊ ပန်ညောင်အုပ်စု ၊ နောင်လိုင်အုပ်စု၊ နမ့်မူဆယ်အုပ်စု၊ ပါဆန်အုပ်စုတို့ဖြစ်ပြီး ကျေးရွာတစ်ရွာကို အနည်းဆုံး ၃၀ ကနေ ၅၀ ကြား လာရောက်စစ်မှုထမ်းဖို့ ခေါ်ယူတာဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေအပြင် တန့်ယန်းမြို့ပေါ်က ရပ်ကွက်တချို့မှာလည်း စစ်မှုထမ်း‌ဖို့ ခေါ်ယူပေမဲ့ ရပ်ကွက်အတိအကျကိုတော့ မသိရသေးကြောင်း တန့်ယန်းမြို့နေ အမျိုးသမီးက ဆိုပါတယ်။

“မြို့ပေါ်က စစ်တပ်တွေနေတဲ့ ရပ်ကွက်ကလွှဲလို့ ဝတပ်က စစ်ကောက်တယ်လို့ ပြောနေကြတယ်။ ဒါပေမဲ့ ကျွန်မတို့နေတဲ့ ရပ်ကွက်တော့ မကြားမိဘူး။ လူမျိုးဘာသာမရွေး ခေါ်တယ်လို့လည်း ကြားတယ်” လို့ ပြောပါတယ်။

တန့်ယန်းမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပေမဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ UWSA က အင်အားအလုံးအရင်းနဲ့ တန့်ယန်းမြို့နယ်ထဲကို ဝင်ရောက်လာပြီး လုံခြုံရေးအပိုင်းတချို့ကို တာဝန်ယူပေးထားကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။