ဓာတ်ပုံ- Google (ပုံဟောင်း)

ခိုင်လေး၊ မေလ ၁၉ ရက်

‎ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho)ရဲ့ စစ်ဆင်ရေး လှုပ်ရှားရာနယ်မြေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ လာရောက်ကာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာဆရာမတွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက်ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ လုံးဝ ပြုလုပ်မှာ မဟုတ်ဘူးလို့ CDF-Asho က ထုတ်ပြန်လာပါတယ်။

‎မကွေးတိုင်း ငဖဲမြို့နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသ ကျေးရွာရှိ စာသင်ကျောင်းမှာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာဆရာမတွေရဲ့ ပညာသင်ကြားမှုအပြင် ကျောင်းကိစ္စမှာ ဝင်ရောက် စွက်ဖက်တာတွေ လုပ်မှာမဟုတ်သလို လုပ်တဲ့သူတွေကိုလည်း တားမြစ်အရေးယူမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

‎”ကျောင်းနေအရွယ်ကလေးတွေအားလုံး စာသင်ကြားမှု မလှစ်ဟင်းစေဖို့အတွက် ကျနော်တို့ ထုတ်ပြန်ရခြင်းဖြစ်တယ်။ ပြီးခဲ့တဲ့ အာဏာမသိမ်းခင်ကာလကရော အာဏာသိမ်းပြီးတဲ့ ကိစ္စတွေကို ထောက်စပြီး ကျောင်းဖွင့်မှုအပိုင်းတွေ စာသင်ကြားမယ့်အပိုင်းတွေမှာ ကျနော်တို့အနေနဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ကျနော်တို့ကြောင့် အနှောင့်အယှက် တစ်စုံတစ်ရာ မဖြစ်စေရဘူးဆိုတာမျိုးကို ကျနော်တို့အနေနဲ့ ပညာသင်ကြားမယ့် ဆရာဆရာမတွေကို သိရှိစေဖို့ တရားဝင် ကြေညာရခြင်းဖြစ်တယ်” လို့ CDF-Asho မှ ပြောရေးဆိုခွင့်ရှိသူ ‌ဆလိုင်း ရိုချင်းက ရွှေဖီမြေကို ပြောပါတယ်။

‎တောင်ပေါ်ဒေသ ဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု အားနည်းချက်ရှိပြီး ဆရာဆရာမတွေ လာရောက်ကာ တာဝန် မထမ်းဆောင်ချင်တာ၊ မလာချင်တာ၊ မလာရဲတာတွေ စတဲ့ကိစ္စကြောင့် စာသင်ကြားမှု နောက်ကျတာအပြင် ပညာရေးပိုင်းမှာ နောက်ကျတာတွေ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

‎၂၀၂၅-၂၀၂၆ အခြေခံပညာသင်နှစ်အတွက် ကျောင်းတွေ စတင်ဖွင့်လှစ်တော့မှာဖြစ်ကာ ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ကြားဖို့ လိုအပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

‎ပညာရေးဝန်ထမ်းတွေအနေနဲ့ ကျောင်းနေအရွယ် ကလေးတွေကို စေတနာ ဝါသနာ အနစ်နာ စတဲ့ ၃ ချက်ကို ခံယူအလေးထားပြီး လွတ်လပ်စွာ သင်ကြားပေးဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ CDF-Asho က ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။