ဓာတ်ပုံ- BWM

‎ခိုင်လေး၊ မေလ ၁၉ ရက်၊ တောင်ငူ

‎ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်တပ်ရဲ့ ကေတုမတီ လေတပ်စခန်းကို Brave Warriors for Myanmar- BWM အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးဟာ လေတပ်အတွင်း ကျရောက်ပေါက်ကွဲပြီး အရာရှိအပါအဝင် စစ်သား ၁၀ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎မနေ့ မေလ ၁၈ ရက် မနက် ၁ နာရီခွဲဝန်းကျင်က ကေတုမတီ လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေတပ်ထဲက ဒရုန်းဂိုဒေါင်တစ်လုံးနဲ့ ဂျက်ဖိုက်တာ ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ BWM မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”ဒုဗိုလ်မှူးကြီး ၂ ဦးနဲ့ လေတပ်ဗိုလ်ကြီး ၂ ဦး သေပြီး လေအုပ်အပါအဝင် အခြားအဆင့် လေတပ်စစ်သည် ၆ ဦး ပွဲချင်း သေပါတယ်။ Y-8 တစ်စီးလည်း ထိတယ်။ လေတပ်အတွင်း ပစ္စည်းသယ်ပို့ လုပ်ပေးနေတဲ့ ယာဉ်အချို့လည်း ထိခိုက်ပျက်စီးပါတယ်”

‎တောင်ငူ လေတပ်စခန်းဟာ အရေးပါတဲ့ လေတပ်ဒေါက်တိုင်တစ်ခုအဖြစ် ဖြစ်တဲ့အပြင် ဒီရက်ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေရဲ့ လှုပ်ရှားမှုကိုလည်း လေကြောင်းကနေ တရစပ် ဗုံးကြဲတိုက်ခိုက်တဲ့အခါ အဓိက လုပ်ဆောင်နေတဲ့ လေတပ်စခန်းတစ်ခု ဖြစ်တာကြောင့် BWM Mission 37 အဖြစ် တိုက်ခိုက်ခဲ့တာလို့ BWM က ထုတ်ပြန်ထားပါတယ်။

‎မြေပြင်စစ်ဆင်ရေးမှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်နိုင်စွမ်း မရှိတော့ဘဲ ကျရှုံးမှုနဲ့ ရင်ဆိုင်လာရတဲ့ စစ်ရှုံးကောင်စီဟာ လေတပ်ကို အားကိုးပြီး ဝေဟင်အသာစီးနဲ့ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်တိုက်ခိုက်မှု လုပ်‌နေတဲ့အပြင် ‎နိုင်ငံတစ်ဝန်း အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာ‌တွေ ပိုမိုပြုလုပ်နေတယ်လို့ ဆိုပါတယ်။

‎နွေဦးတော်လှန်ရေး အောင်မြင်မှု ရရှိဖို့အတွက် စစ်တပ်ကို ပြိုလဲအောင် လေတပ်၊ တိုက်လေယာဉ်၊ Pilot၊ လေယာဉ်ဆီ၊ ဗုံးသီး ထုတ်လုပ်တဲ့ စက်ရုံအပါအဝင် လေတပ်ကို အားဖြည့်တဲ့ ဒေါက်တိုင်မျိုးစုံကို ဖြိုလဲဖို့ လက်လှမ်းမှီတဲ့ တော်လှန်ရေးအင်အားစု‌၊ ဒေသခံတွေ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ BWM က တိုက်တွန်းပြောဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။