ဓာတ်ပုံ- Local

အိုက်ပွီး၊ မေလ ၁၇ ရက်၊ မင်းပြား

ရခိုင်ပြည်နယ် မင်းပြား မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅ ဦးကို အာရက္ခတပ်တော်- AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က ရခိုင်ပြည်နယ်ကို လေကြောင်း ဆက်တိုက် တိုက်ခိုက်နေပေမဲ့ AA က စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာပဲ ဖြစ်ပါတယ်။

မနေ့ မေလ ၁၆ ရက်က အခမ်းအနား ကျင်းပပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းနဲ့အတူ မိသားစုဝင်တွေကို စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မင်းပြားဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“မနေ့က နေ့လယ်မှာ စစ်သုံ့ပန်း ၂၀၀ ကျော်ကို AA က ပြန်လွှတ်ပေးလိုက်တယ်။ အဲထဲမှာ ရခိုင်ပြည်နယ်ဇာတိကလူတွေ များတယ်။ စစ်သုံ့ပန်းတွေနဲ့အတူ မိသားစုဝင် ကလေးတွေ၊ လူကြီးတွေ၊ အမျိုးသမီးတွေ အကုန်လုံး ပါတယ်”

စစ်သုံ့ပန်းတွေကို AA က စစ်သုံ့ပန်းဥပဒေနဲ့အညီ ကာကွယ်ထိန်းသိမ်းကာ စောင့်ရှောက်ပေးထားပြီးမှ ပြန်လွှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် AA နဲ့ နီးစပ်တဲ့ မင်းပြားဒေသခံတစ်ဦးက “စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့ နေရာကနေ သူတို့သွားချင်တဲ့နေရာကို သွားလို့ရတဲ့ ကားလမ်းအထိကို AA ရဲဘော်တွေက သေချာပို့ဆောင်ပေးထားပါတယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း မင်းပြား မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၇၀ ဦးကို AA က ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲအတွင်း AA က စစ်သုံ့ပန်း ထောင်နဲ့ချီ ဖမ်းဆီးရမိသလို ထောင်နဲ့ချီ လက်နက်ချ အလင်းဝင်လာသူလည်းရှိပြီး ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။