ဓာတ်ပုံ – Facebook

ရွှေဖီမြေ၊ မေလ ၁၇ ရက်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဥက္ကဌဟောင်း Lanyaw Zawng Hra ကွယ်လွန်ခြင်းအတွက် တအာင်းတပ် PSLF/TNLA က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ PSLF/TNLA က မနေ့ မေလ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဥက္ကဌ Lanyaw Zawng Hra ဟာ ၁၉၆၄ ခုနှစ်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ထဲ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၇၅ ခုနှစ်က ကချင်နဲ့ တအာင်းတို့ ထာဝရမဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ရာမှာ ဥက္ကဌ Lanyaw Zawng Hra က KIO ရဲ့ အထွေထွေအတွင်းရေးမှူးအနေနဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင် မချုပ်ငြိမ်းခင်မှာ ကချင်လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ဦးဆောင်ခဲ့သူ Lanyaw Zawng Hra ကွယ်လွန်ခြင်းအပေါ် PSLF/TNLA က ဝမ်းနည်းကြောင်းနဲ့ ဥက္ကဌရဲ့ တော်လှန်ရေးအပေါ် သစ္စာရှိမှု၊ စွမ်းဆောင်မှုနဲ့ တည်ကြည်မှုတို့ကို PSLF/TNLA က တန်ဖိုးထားဂုဏ်ယူပြီး အစဉ်အောက်မေ့နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဥက္ကဌ Lanyaw Zawng Hra က ၂၀၀၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ KIO ရဲ့ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့ပြီး Lanyaw Zawng Hra ဟာ ကချင်နဲ့ တအာင်းတို့ လူထုတို့အကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ KIO နဲ့ PSLF တို့အကြား ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။