ဓာတ်ပုံ – Local

လွေးဇွန်မိုး၊ မေလ ၁၇ ရက်၊ ကွတ်ခိုင်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က စျေးသည်သားအမိ ၂ ဦး ဓားပြတိုက်ခံရပြီး ငွေ သိန်း ၅၀ နီးပါးနဲ့ ဖုန်းလေးလုံး ပါသွားတယ်လို့ သိရပါတယ်။

မေလ ၁၅ ရက် ညနေ ၄ နာရီဝန်းကျင်မှာ တက္ကနိုင်းကျေးရွာဘက် စျေးသွားရောင်းပြီး ပြန်လာတဲ့ သားအမိ ၂ ဦးကို တက္ကနိုင်းနဲ့ မန်ရပ်ရွာကြားမှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ငွေနဲ့ ဖုန်းတွေ လုယူသွားခဲ့တာလို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တက္ကနိုင်းကနေ စျေးရောင်းပြီး ကွတ်ခိုင်ကို ကုန်စိမ်းတွေဝယ်ဖို့ ပြန်ဆင်းလာတဲ့လမ်းမှာ တက္ကနိုင်းနဲ့ မန်ရပ်ကြားမှာ သေနတ်ကိုင်ထားတဲ့ လူသုံးယောက်က ကားဘီးကို သေနတ် လေးငါးချက်လောက် ပစ်ဖောက်တယ်တဲ့။ ဒါပေမယ့် နှစ်ချက်ပဲထိတယ်။ လူတော့ ဘာမှမဖြစ်ဘူး။ ပိုက်ဆံ ၄၀ ကျော် ၅၀ ဆယ်လောက်နဲ့ ဖုန်းလေးလုံးပါသွားတယ်။ ခရီးသည် နှစ်ယောက်ရဲ့ဖုန်းရော”

ဓားပြတိုက်ခံရသူတွေဟာ မာန်ဂျယ်ကျေးရွာအုပ်စု ဟိုဝမ်းရွာခံတွေဖြစ်ကြပြီး တားမိုးညဲ၊ မန်ဂျယ်၊ ရှောက်ဟော်နဲ့ တက္ကနိုင်းစျေးမှာ ကားနဲ့စျေးပတ်ရောင်းနေတဲ့ စျေးပတ်သည်တွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး TNLA ရဲ့ ကွတ်ခိုင်မြို့နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားထားပြီး တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။