ဓာတ်ပုံ – Local

ရွှေဖီမြေ၊ မေလ ၁၆ ရက်

ရှမ်းအမျိုးသားတော်လှန်ရေးနေ့ ကျရောက်တော့မှာဖြစ်တာကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ၁၀ ရက်အတွင်း ရပ်နားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ကို RCSS ရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ Hsan Loi Voice က ဒီနေ့ မေလ ၁၆ ရက်မှာ ရေးသားဖော်ပြထားပြီး RCSS/SSA လက်အောက်ခံတပ်ဖွဲ့အနေနဲ့ SSPP/SSA တပ်စခန်းတွေကို တိုက်ခိုက်တာတွေ မေလ ၂၅ ရက်အထိ လုံးဝ ရပ်နားထားမယ်လို့ ဆိုထားပါတယ်။

ရှမ်းအမျိုးသားတော်လှန်ရေးနေ့က လာမယ့် မေလ ၂၁ ရက်မှာ ၆၈ ကြိမ်မြောက်ဖြစ်ပြီး အဲနေ့မှာ SSPP နဲ့ RCSS တို့ နှစ်ဖက်တပ်ဖွဲ့ နဲ့ ပြည်သူလူထုတို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ RCSS /SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ SSPP ထံ စာပေးပို့ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းတပ်နှစ်ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တို့ဟာ ရှမ်းတောင်၊ မိုင်းကိုင်၊ ရပ်စောက်နဲ့ ပင်လုံမြို့နယ်တွေမှာ အပြန်အလှန် ပစ်ခတ်မှု မကြာခဏဖြစ်ပွါးနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် RCSSက တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA)ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ တွေ့ဆုံတာတွေ ရှိသလို SSPPဘက်ကလည်း စစ်ကောင်စီတပ်နဲ့ မကြာခဏတွေ့ဆုံနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။