ဓာတ်ပုံ- Google Map

လွေးထွေး၊ မေလ ၁၆ ရက်၊ မိုင်းဆတ်

ထိုင်း-မြန်မာနယ်စပ် ရှမ်းအရှေ့ မိုင်းဆတ်မြို့နယ်မှာ မြေရှားသတ္တု တူးဖော်မှုကြောင့် မြန်မာနဲ့ထိုင်းနှစ်နိုင်ငံက ဒေသခံ ၁ သန်းကျော်ရဲ့ ကျန်းမာရေးပြဿနာ စိုးရိမ်ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်- SHRF က ပြောပါတယ်။

တူးဖော်တဲ့နေရာဟာ စစ်ကောင်စီတပ်နဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA သွားလာလှုပ်ရှားတဲ့နေရာဖြစ်ပြီး မြေရှားသတ္တု တူးဖော်ပြီးနောက် စွန့်ပစ်တဲ့ ပစ္စည်းကြောင့် လူထုတွေရဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့အတွက် ဆက်လက် မလုပ်ဆောင်ဖို့ သက်ဆိုင်ရာ နှစ်နိုင်ငံရဲ့ တာဝန်ရှိသူတွေက တားမြစ်သင့်ကြောင်းလည်း ပြောဆိုပါတယ်။

မြေရှားသတ္တု တူးဖော်တဲ့နေရာဟာ ဂြိုလ်တုဓာတ်ပုံအရ မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသထဲဖြစ်ပြီး သတ္တုတူးဖော်တဲ့နေရာ ၂ နေရာကို မြင်တွေ့ရကြောင်း SHRF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

SHRF ရဲ့ တာဝန်ရှိသူက “အကြမ်းဖျင်းတော့ အဲလိုဘဲ သိထားရတယ်။ အဲနေရာဒေသတွေမှာ UWSA က လုံခြုံရေး ပေးထားတော့ အပြင်လူ လုံးဝ ဝင်လို့မရဘူး။ အဲဒီက အညစ်အကြေးတွေကြောင့် လူထုတွေအပေါ် အများကြီး သက်ရောက်နိုင်လို့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ၎င်းမြေရှားသတ္တုတွင်းမှ စွန့်ထုတ်တဲ့ အညစ်‌အကြေးတွေက နမ့်ခုတ်(ကော့) မြစ်အတွင်း စီးဝင်တာကြောင့် ၎င်းမြစ်ကို မှီခိုနေထိုင်ကြတဲ့ မြန်မာဘက်က မိုင်းဆတ်မြို့၊ ထိုင်းဘက်ခြမ်းက ချင်းမိုင်ခရိုင်ထဲက ရွာတွေနဲ့ ချင်းရိုင်၊ ချင်းဆန် စတဲ့မြို့နယ်က လူထု ၁ သန်းကျော် အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။

နမ့်ခုတ်မြစ်အရှေ့ဘက်က မြေရှားသတ္တုတွင်းဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက စလုပ်ခဲ့ပြီး နမ့်ခုတ်မြစ်အနီးက သတ္တုတွင်းကတော့ ၂၀၂၄ နှစ်လယ်ပိုင်းဝန်းကျင်မှာ စတင်လုပ်ဆောင်ခဲ့ကြောင်း ဂြိုလ်တုမှတ်တမ်းပုံဟောင်းအရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။