ဓာတ်ပုံ – Local

ပို့လဘား၊ ‌‌မေလ ၁၆ ရက်၊ ကွမ်းလုံ

ကိုးကန့်တပ်မတော်- MNDAAတပ်ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ယူဆောင်ပြီး ထွက်ပြေးသွားခဲ့လို့ လိုက်လံဖမ်းဆီးရာမှာ ၃ဦးကို ပြန်ဖမ်းမိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

MNDAA တပ်ဟာ လားရှိုးမြို့ကနေ ထွက်ခွာသွားတဲ့အချိန်မှာ အဆိုပါစစ်သုံ့ပန်း၁၀ ဦးဟာ ကိုးကန့်တပ်ဆီ ကတိဝန်ခံချက်နဲ့ ဝင်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၀ ရက်က ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ကိုးကန့်တပ်ထဲ ဝင်လာတာမကြာသေးဘူး။ သူတို့အပြောင်းအရွှေ့လုပ်တဲ့အချိန်ပဲ အဲဒီစစ်သုံ့ပန်းတွေ ကွမ်းလုံဘက် ပြောင်းရွှေ့ထားတာ သိရတယ်။ ကြားရတာကတော့ သူတို့အသေခံမလား စစ်သားလုပ်မလားဆိုပြီး ပြောတယ်။ သူတို့ကစစ်သားလုပ်မယ်ဆိုပြီးပြောတယ်။ ကွမ်းလုံဗျူဟာထဲမှာ သူတို့ကိုထားတယ်။ ထားတာမကြာသေးဘူး ၃ ရက်ပဲရှိသေးတယ် သူတို့ထွက်ပြေးသွားတာပဲ”

အဆိုပါ ထွက်ပြေးသွားခဲ့ကြတဲ့ စစ်သုံ့ပန်း‌တွေဟာ လက်နက်တွေ ယူဆောင်သွားပြီး ကွမ်းလုံတောင်ပေါ်ဘက်မှာ ထွက်ပြေးသွားခဲ့ကြတာလို့ ဆိုပါတယ်။

“ဟိုတနေ့က သူတို့ကို ပြန်မိတယ်လေ။ အကုန်တော့မမိဘူး။ ကြည့်ရတာ သူတို့ကွမ်းလုံဘက်မှာ ဆိုရင် လမ်းကြော‌တွေ မသိလို့နေမယ်။ တောင်ပေါ်ဘက်မှာ ပြေးသွားကြတယ်။ လက်နက်တွေနဲ့လည်း ပါသွားတယ်”လို့ ဆိုပါတယ်။

MNDAAတပ်က လားရှိုးမြို့ ထွက်ခွာသွားတဲ့အချိန် လားရှိုးမြို့ အကျဉ်းထောင်မှာရှိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို လောက်ကိုင်ဘက် ရွှေ့ပြောင်းတာရှိသလို တချို့ကလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။