ဓာတ်ပုံ- Local

လွေးထွေး၊ မေလ ၁၅ ရက်၊ တန့်ယန်း

တန့်ယန်းမြို့ရှိ လောင်းကစားရုံတွေဟာ UWSA နဲ့ စစ်ကောင်စီတပ်ထံ အခွန်ဆောင်ပြီး ဆက်လက်ဖွင့်ခွင့် ရနေသေးကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ စစ်တပ် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့ထဲ UWSA ဝင်လာပြီးနောက် မြို့ထဲ လောင်းကစားရုံ ပိုတိုးလာပြီး လက်ရှိအချိန်ထိ လောင်းကစားရုံ ၅၀ ကျော် ရှိနေပြီးတော့ တစ်လကို သိန်း ၅၀ ဝန်းကျင် အခွန်ဆောင်ပြီး တရားဝင် ဖွင့်လှစ်နေကြတာ ဖြစ်ပါတယ်။

ဒေသခံ အမျိုးသမီးက “အရင်ကထက် ပိုပြီး ဝိုင်းတွေက များလာတယ်။ လွတ်လွတ်လပ်လပ်ကို ဖွင့်နေကြတာ။ တချို့ဝိုင်းတွေဆိုရင် စစ်ဝတ်စုံတွေနဲ့ပါ လုံခြုံရေး လုပ်ပေးထားတာ တွေ့နေရတယ်။ အဲဒါက စစ်တပ်လား၊ ဝ လား မသိရဘူး” လို့ ပြောပါတယ်။

လောင်းကစားဝိုင်း ထပ်တိုးလာတာကြောင့် လောင်းကစားနဲ့အတူ မူးယစ်သုံးစွဲသူ ပေါများလာပြီး မြို့တွင်း လုံခြုံရေး စိုးရိမ်လာရတာနဲ့ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု ဖြစ်ပွားနေသလို မိသားစုအတွင်း ပြဿနာတွေလည်း ပိုကြုံလာရကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသားက “အဓိက ဖွင့်ခွင့်ပေးနေတာက စစ်တပ်နဲ့ ဝ တပ်က ဖြစ်တယ်။ ဒါကြောင့် တန့်ယန်းမြို့တစ်မြို့လုံးနီးပါးက လောင်းကစားသားကောင် ဖြစ်လာမှာကို စိုးရိမ်တယ်။ အထူးသဖြင့် ရွာပိုင်းက လူတွေအတွက် ပိုစိုးရိမ်ရတယ်” လို့ ပြောပါတယ်။

တန့်ယန်းမြို့ထဲ စစ်တပ်နဲ့ UWSA ရှိနေပြီး အုပ်ချုပ်ရေးအပိုင်းတွေမှာ စစ်ကောင်စီတပ်ကသာ တာဝန်ယူထားပေမဲ့ လုံခြုံရေးအပိုင်းကိုတော့ ဘယ်အဖွဲ့မှ တာဝန်ယူ လုပ်ဆောင်ပေးတာ မရှိကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။