ပို့လဘား၊ မေလ ၁၅ ရက်၊ မိုးကုတ်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းဘက်မှာ လုံခြုံရေး ကင်းလှည့်နေတဲ့ တအာင်းရဲ ပစ်ခတ်ခံရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က မိုးကုတ်မြို့မှာ လက်ပစ်ဗုံးပေါက်ကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့တွေက ရှောင်တခင်စစ်ဆေးတဲ့အချိန်မှာ အမည်မသိလူတစ်စုက ဆိုင်ကယ်နှစ်စီး စီးလာပြီး ၎င်းတို့ရဲ့ လွယ်အိတ်ထဲကနေ လက်ပစ်ဗုံးစနက်တံဆွဲပြီး ပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မိုးကုတ်မြို့ လယ်ဦးဘက်မှာ ဖြစ်တာ။ သူတို့ပစ်လိုက်တဲ့အချိန်မှာ ဗုံးကမပေါက်ခင်ကပဲ ရဲတွေက ဝပ်ပြီး ရှောင်လိုက်တယ်။ သူတို့က ပြေးသွားတယ်။ အဲတစ်လုံးပေါက်ပြီး ရဲက သူတို့ကို သေနတ်နဲ့ လှမ်းပစ်တယ်။ သူတို့လည်း ဗုံးနဲ့ပြန်ပစ်ပြီးတော့ ပြေးသွားကြတယ်”

ပစ်ခတ်တဲ့ အဖွဲ့‌တွေထဲက တစ်ယောက်ကိုတော့ TNLAရဲ့ ရဲတပ်ဖွဲ့က ဖမ်းမိထားတာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ ထပ်မံဖမ်းဆီးနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက် ည ၇နာရီခွဲအကျော်မှာ မိုးကုတ်မြို့ အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်မှာရှိတဲ့ Music Zoneဘား ရှေ့မှာ အမည်မသိတဲ့အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၂လုံးကို လာရောက်ပစ်သွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။