ဓာတ်ပုံ – Kawlin info

ယာရူစိင်၊ မေလ ၁၅ ရက်၊ ကောလင်း

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကညို့အင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၁၄ ရက် ည ၁၀ နာရီ ၂၃ မိနစ်အချိန်မှာ ကောလင်းမြို့နယ် ကညို့အင်းရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လူထိခိုက်မှုတော့ မရှိဘူး။ ‌ပေါင် ၃၀၀ နှစ်လုံးချတာ။ တစ်လုံးက အိမ်ရှေ့မှာ ကျတယ်။ တစ်လုံးက အိမ်ရှေ့ လှေကားဘေးမှာကျတယ်။ နှစ်လုံးစလုံး မကွဲသေးဘူး “လို့ ဆက်‌ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက် ကလည်း ကောလင်းခရိုင်ဖြစ်တဲ့ ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာဆေးရုံအနီးကို လေကြောင်း‌ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၅၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မနေ့ မေလ ၁၄ ရက် ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျေးရွာတစ်နေရာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီစီတပ်က စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ရခိုင်နဲ့ရှမ်းမြောက်ဒေသတွေကို နေ့စဉ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေလို့ နေ့စဉ်လူထိခိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။