ဓာတ်ပုံ – CJ

လွေးထွေး၊ မေလ ၁၄ ရက်

မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ဝက်ဝံဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားနဲ့ ခရီးသည်ယာဉ်တွေကို စစ်ဆေးမေးမြန်းပြီး ကားသမား ၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သူ ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မေလ ၁၀ ရက်ကဖြစ်ပြီး နောင်ချိုကနေ ပြင်ဦးလွင်ဘက်ဆင်းတဲ့ ရှမ်းမြောက်က ကားသမားတချို့ကို ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင်နဲ့ မှတ်ပုံတင်တွေကို ၂ နာရီဝန်းကျင်ကြာအောင် စစ်ဆေးပြီး အဲထဲမှာမှ မသင်္ကာတဲ့ ကုန်ကားသမား ၄ ဦးနဲ့ ခရီးသည်ကား မောင်းတဲ့ ကားသမား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်တွေ့သူ ကားသမားတစ်ဦးက “ကားတန်းရင်း စစ်တာပေါ့။ အကြာကြီးစစ်တာ။ ပြီးမှ အဲလူတွေက ကားဘေးထိုးထားပြီး ခေါ်သွားတာဘဲ။ ကြားသလောက်ဆို ဒီနေ့အထိ ပြန်မလွှတ်လာသေးဘူး။ သူတို့ကလည်း ဘယ်နေရာ၊ ဘယ်ဒေသကလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဝက်ဝံဂိတ်အပြင် နောင်ချိုနဲ့ မန္တလေးကြားမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ် အနည်းဆုံး ၈ ခုရှိပြီး စစ်ဆေးမေးမြန်းတာနဲ့ ငွေတောင်းတာ‌တွေ ရှိနေတဲ့အပြင် ကားသမားတွေ မကြာခဏ ဖမ်းဆီးခံနေရတာနဲ့ လူပျောက်တာတွေလည်း ရှိနေကြောင်း ကားသမားတွေထံက သိရပါတယ်။

ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့လည်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေသလို လုံခြုံရေးအရ နှစ်ဖက်တပ်က စစ်ဆေးတင်းကြပ်နေတာကြောင့် ခရီးသည်နဲ့ ကုန်ကားတွေလည်း အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

နောက်ထပ် ရှမ်းမြောက်မှ ခရီးသည် အမျိုးသမီးတစ်ဦးက “နောင်ချိုကျော်တာနဲ့ အစစ်ဆေးတွေ စတာဘဲ။ စစ်တပ်တွေရော TNLA ရော စစ်ပါတယ်။ တချို့ရက်နဲ့ နေရာတချို့က အစစ်ကြမ်းတာတွေတော့ ရှိတယ်။ တစ်ခေါက်နဲ့တစ်ခေါက် စစ်တဲ့လူ မတူသလို စစ်ဆေးပုံတွေကလည်း မတူဘူး။ အခြေအနေ ရှုပ်တဲ့ အချိန်မျိုးမှာဆိုရင် ဖမ်းဆီးတာတွေတောင် ရှိခဲ့တယ်” လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်က ကားသမားတစ်ဦးကို တိုင်းရင်းသားလက်နက်ကိုင်တွေထံ အခွန်ဆောင်တယ်ဆိုပြီး ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်က ၃ ညတိတိ ဖမ်းဆီးထားခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။