ဓာတ်ပုံ – Local

ခိုင်လေး၊ မေလ ၁၄ ရက်၊ ဝက်လက်မြို့

‎စစ်ကိုင်းတိုင်း ဝက်လက်မြို့ စခန်းသာရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

‎မနေ့ မေလ ၁၃ ရက် ည ၄ နာရီ ဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ဝက်လက်မြို့ အရှေ့မြောက်ဘက်က စခန်းသာရွာ ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြေပြင် အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်

‎”စခန်းသာရွာက ပြည်သူ အသက် ၂၀အရွယ် အမျိုးသား ကိုအောင်လှိုင်ဝင်း ၁ဦး နဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသမီး ‌မယဉ်ယဉ် ၁ဦးတို့ သေဆုံးတယ်။ နောက်ပြီ နွား ၂ကောင်လည်း သေတယ်။ ဒဏ်ရာရတဲ့သူက ၇ ဦး ရှိတယ်။နေအိမ်‌တွေလည်း ပျက်စီးခဲ့တာရှိတယ်”

‎စစ်တပ်ဟာ ဒေသခံတွေ နေထိုင်တဲ့ နေရာတွေကို အဓိကထား လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဝေဟင် အသိ၊သတိ ရှိကြဖို့ ဗုံးခိုကျင်းတွေတူးပြီး နေထိုင်ကြဖို့ကို တော်လှန်ရေးပြည်သူတွေက အသိပေးပြောဆိုထားတာရှိပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၀ ရက်က ဝက်လက်မြို့ အနောက်ဘက်ခြမ်းက ရွာတော်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၈ ‌ဦး ဒဏ်ရာရခဲ့ပါတယ်။

‎အလားတူ မေလ ၁၁ ရက်ကလည်း ဝက်လက်မြို့ အနောက်ဘက်ခြမ်းကို တံတားဦး‌‌လေတပ်မှာ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာ‌ကြောင့် ဒေသခံ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။