ဓာတ်ပုံ – Local

ခိုင်လေး၊ မေလ ၁၄ ရက်၊ ဝက်လက်မြို့

‎စစ်ကိုင်းတိုင်း ဝက်လက်မြို့ စခန်းသာရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

‎မနေ့ မေလ ၁၃ ရက် ည ၄ နာရီ ဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ဝက်လက်မြို့ အရှေ့မြောက်ဘက်က စခန်းသာရွာ ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြေပြင် အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်

‎”စခန်းသာရွာက ပြည်သူ အသက် ၂၀အရွယ် အမျိုးသား ကိုအောင်လှိုင်ဝင်း ၁ဦး နဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသမီး ‌မယဉ်ယဉ် ၁ဦးတို့ သေဆုံးတယ်။ နောက်ပြီ နွား ၂ကောင်လည်း သေတယ်။ ဒဏ်ရာရတဲ့သူက ၇ ဦး ရှိတယ်။နေအိမ်‌တွေလည်း ပျက်စီးခဲ့တာရှိတယ်”

‎စစ်တပ်ဟာ ဒေသခံတွေ နေထိုင်တဲ့ နေရာတွေကို အဓိကထား လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဝေဟင် အသိ၊သတိ ရှိကြဖို့ ဗုံးခိုကျင်းတွေတူးပြီး နေထိုင်ကြဖို့ကို တော်လှန်ရေးပြည်သူတွေက အသိပေးပြောဆိုထားတာရှိပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၀ ရက်က ဝက်လက်မြို့ အနောက်ဘက်ခြမ်းက ရွာတော်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၈ ‌ဦး ဒဏ်ရာရခဲ့ပါတယ်။

‎အလားတူ မေလ ၁၁ ရက်ကလည်း ဝက်လက်မြို့ အနောက်ဘက်ခြမ်းကို တံတားဦး‌‌လေတပ်မှာ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာ‌ကြောင့် ဒေသခံ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။