ဓာတ်ပုံ – CJ

ပို့လဘား၊ မေလ ၁၃ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ်မှာ ကုန်ပစ္စည်း‌ရောင်းဝယ်နေတဲ့သူတွေကို စစ်ကောင်စီရဲ့ ထွေအုပ်ထောက်ခံချက်ပါမှသာ ကုန်ပစ္စည်း ဝယ်ယူခွင့်ပြုပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အင်တောမြို့နယ်ခွဲက ဈေးသည်တွေကို အထွေထွေအုပ်ချုပ်ရေးမှူးက ထောက်ခံချက်ကို ငွေပေးယူပြီးမှ ကုန်ပစ္စည်းဝယ်ယူခွင့်ရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကျမတို့ ဈေးရောင်းမဲ့ပစ္စည်းတွေကို ရပ်စောက်မှာသွားဝယ်ရတယ်။ ဒီနေ့သွားဝယ်ရင် သူ့ထောက်ခံချက်ကိုယူပြီး ပိုက်ဆံ ပေးရတယ်။ ‌မနက်ဖြန်သွားဝယ်ရင်လည်း မနက်ဖြန်ပြန်ပေးရတယ်။ ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီး‌ပေးရတယ်။ အသား၊ငါးနဲ့ ရွက်စိမ်းတို့ဆိုရင် ၅ထောင်၊၁သောင်းပေးရတယ်။ ဆန်တို့ဆီတို့ကျတော့ ၅သောင်းပေါ့။ မြို့သေးသေးနဲ့ ရပ်ကွက်သေးသေးမှာပဲ ကျမတို့ ရောင်းနေတာကို သူတို့ကအဲလိုတွေလုပ်နေတာလေ။ တစ်နှစ်စာလည်းဆောင်ရ၊ နေ့တိုင်းလည်း သူတို့ကိုပေးနေရတော့ ဘာမှမကျန်တော့ဘူးလေ။ နေ့တိုင်း‌ ပေးနေရတော့ အဆင်မပြေဘူး။ ကျမတို့ရှာသမျှအကုန်လုံးက သူတို့ကိုပဲ လုပ်ကျွေးနေသလိုဖြစ်နေပြီ”

ရပ်စောက်ကနေ အင်တောမြို့နယ်ခွဲမှာ ကုန်ပစ္စည်းသယ်လာသူတွေကို စစ်ကောင်စီတပ်ရဲ့ ဂိတ်တွေမှာလည်း ငွေ ၅သောင်းကနေ ၁သိန်း ပေးနေရတာဖြစ်ပြီး ငွေမပေးနိုင်ရင် သွားလာခွင့်မပြုဘူးလို့ ဆိုပါတယ်။

အင်တောမြို့မှာ စစ်ကောင်စီထံ တစ်နှစ်စာ အခွန်ဆောင်နေရတဲ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ- SSPPထံလည်း တစ်နှစ်စာ အခွန်ဆောင်နေရတာကြောင့် အခွန်တောင်း‌တာတွေကို ဒေသခံတွေက လျှော့ချပေးစေချင်တယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ရပ်စောက်ကနေ ရှမ်းမြောက်ကို သွားမဲ့ ခရီးသည်တင်တဲ့ယာဉ်နဲ့ ကုန်တင်ကားတွေကို ဖြတ်သန်းခွင့်ပိတ်ပင်ထားပေမဲ့ တစ်ချို့ကားသမားတွေဟာ သိန်း၂၀၊ သိန်း ၄၀ ပေးပြီး ဖြတ်သန်းသွားလာနေရတယ်လို့ ကားသမားတွေထံက သိရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။