ဓာတ်ပုံ- ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

အိုက်ပွီး၊ မေလ ၁၂ ရက်၊ ဒီပဲယင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမှာ ကျောင်းသား ၂၀ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း သေဆုံးသူ ၂၂ ဦး ရှိလာတယ်လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်မှ အိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို ဒီနေ့ မေလ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ပေါင် ၅၀၀ ဗုံးသီးတစ်လုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းမှာ စာသင်နေကြတဲ့ အသက် ၆ နှစ်မှ ၁၆ နှစ်အောက် ကလေးငယ်(အမျိုးသမီး) ၁၅ ဦး၊ ကလေးငယ်(အမျိုးသား) ၅ ဦးနဲ့ ကျောင်းဆရာမ ၂ ဦး သေဆုံးခဲ့ပါတယ်။

“ဒီညနေစာရင်းအရတော့ သေဆုံးသူ ၂၂ ဦးတော့ နာမည်စာရင်းနဲ့တကွ အတည်ပြုနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိတာကြောင့် သေဆုံးဦးရေ ထပ်တိုးလာနိုင်မလားပေါ့” လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၄၀ ခန့်ရှိပြီး လက်ရှိမှာ ၎င်းတို့ကို လုံခြုံတဲ့ ဆေးရုံ၊ ဆေးခန်းအသီးသီးမှာ ပြောင်းရွှေ့ထားပြီး အရေးပေါ် လူနာအနေနဲ့ ဆေးဝါးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

“ဒဏ်ရာရတဲ့ လူနာတွေကိုလည်း ကျနော်တို့ လုံခြုံစိတ်ချရတဲ့နေရာတွေကို ကားတွေနဲ့ ပြောင်းရွှေ့ထားပါပြီ။ အခုအရေးပေါ်လူနာအနေနဲ့ သူတို့တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ကျောင်းသား ကလေးတွေချည်းပါပဲ” လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စာသင်ကျောင်းပေါ်တည့်တည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကျောင်းသူကျောင်းသားတွေ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ညမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက ဒီနေ့ မေလ ၁၂ ရက် တစ်ရက်အတွင်း ဒီပဲယင်းမြို့အပြင် စစ်ကိုင်းတိုင်း ချောင်းဦး၊ မော်လူး စတဲ့မြို့နယ်ကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။