ဓာတ်ပုံ- ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

အိုက်ပွီး၊ မေလ ၁၂ ရက်၊ ဒီပဲယင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမှာ ကျောင်းသား ၂၀ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း သေဆုံးသူ ၂၂ ဦး ရှိလာတယ်လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်မှ အိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို ဒီနေ့ မေလ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ပေါင် ၅၀၀ ဗုံးသီးတစ်လုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းမှာ စာသင်နေကြတဲ့ အသက် ၆ နှစ်မှ ၁၆ နှစ်အောက် ကလေးငယ်(အမျိုးသမီး) ၁၅ ဦး၊ ကလေးငယ်(အမျိုးသား) ၅ ဦးနဲ့ ကျောင်းဆရာမ ၂ ဦး သေဆုံးခဲ့ပါတယ်။

“ဒီညနေစာရင်းအရတော့ သေဆုံးသူ ၂၂ ဦးတော့ နာမည်စာရင်းနဲ့တကွ အတည်ပြုနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိတာကြောင့် သေဆုံးဦးရေ ထပ်တိုးလာနိုင်မလားပေါ့” လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၄၀ ခန့်ရှိပြီး လက်ရှိမှာ ၎င်းတို့ကို လုံခြုံတဲ့ ဆေးရုံ၊ ဆေးခန်းအသီးသီးမှာ ပြောင်းရွှေ့ထားပြီး အရေးပေါ် လူနာအနေနဲ့ ဆေးဝါးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

“ဒဏ်ရာရတဲ့ လူနာတွေကိုလည်း ကျနော်တို့ လုံခြုံစိတ်ချရတဲ့နေရာတွေကို ကားတွေနဲ့ ပြောင်းရွှေ့ထားပါပြီ။ အခုအရေးပေါ်လူနာအနေနဲ့ သူတို့တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ကျောင်းသား ကလေးတွေချည်းပါပဲ” လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စာသင်ကျောင်းပေါ်တည့်တည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကျောင်းသူကျောင်းသားတွေ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ညမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက ဒီနေ့ မေလ ၁၂ ရက် တစ်ရက်အတွင်း ဒီပဲယင်းမြို့အပြင် စစ်ကိုင်းတိုင်း ချောင်းဦး၊ မော်လူး စတဲ့မြို့နယ်ကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီက ဖမ်းစီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။