ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ မေလ ၁၂ ရက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြင်ဦးလွင်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မေလ ၁၁ ရက် မနက် ၇ နာရီ ဝန်းကျင်မှာ စဉ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့သလို မေလ ၁၀ ရက်နဲ့ ၁၁ ရက် နေ့လယ် ၁၁ နာရီနဲ့ ၄ နာရီ ဝန်းကျင်မှာ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀၊ ၂၀၀ ဗုံးကြဲချခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

လေကြောင်းအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၂၅ လုံးထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ရန်ကနေ လွတ်မြောက်ဖို့ ဒေသခံလူထုတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြင်ဦးလွင်ခရိုင် ကဆိုထားပါတယ်။

အလားတူ မေလ ၁၀ ရက်ကလည်း မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စဉ့်ကူးကို ဗုံးကြဲလို့ အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ မေလ ၁၂ ရက် မနက် ၁၀ နာရီ ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာကို ဗုံးကြဲခဲ့လို့ ကလေးနဲ့ ကျောင်းဆရာမ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။