အိုက်ပွီး၊ မေလ ၁၂ ရက်၊ ဂန့်ဂေါ

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လယ်မကျေးရွာကို ဒီနေ့ မေလ ၁၂ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်မှာ ဂန့်ဂေါအခြေစိုက် စစ်ကောင်စီ ခမရ ၅၀ တပ်ရင်းနဲ့ အမြောက်တပ်ရင်းတို့မှ စစ်ကြောင်း ဝင်ရောက်လာပြီး အရပ်သားတွေ ဖမ်းစီးသတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။

“မနက်အစောပိုင်းက သေနတ်တွေ မိုးပေါ်ထောင်ပစ်ပြီး စစ်ကြောင်းတွေ ရွာထဲကို ဝင်လာပြီး ရှိသမျှလူတွေကို လိုက်ဖမ်းနေတာပါ။ ဖမ်းဆီးခံရပြီးနောက် နှိပ်စက်တယ်။ နှိပ်စက်ပြီးမှ သတ်သွားကြတာ။ သေဆုံးတဲ့အလောင်းတွေမှာ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ တွေ့ရတယ်။”လို့ ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

နှိပ်စက်ပြီး သတ်ဖြတ်ခံရသူတွေဟာ မှိုင်းဝေ (၁၃) နှစ်၊ သျှန်ထွန်း (၁၂) နှစ်၊ သီဟလင်း (၁၅) နှစ်၊ မျိုးသီဟ (၁၅) နှစ်၊ ကျော်စန်းခိုင် (၂၄) နှစ်၊ သက်ပိုင်ဦး (၂၃) နှစ်၊ အောင်ကြည်မင်း (၃၉) နှစ်၊ နေလင်းဦး (၂၅) နှစ်၊ ညီလေး (၂၇) နှစ်၊ ဂျွန်ဂိုဝင်း (၁၉) နှစ် နဲ့ ကျော်မြတ်သူ (၁၉) နှစ်တို့ဖြစ်ပါတယ်။

ဒါ့အပြင် လယ်မကျေးရွာမှ ကလေး၊ အမျိုးသမီးအပါအဝင် အရပ်သား ၂၄ ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ထပ်မံဖမ်းဆီးပြီး အမြောက်တပ်ရင်းကို ခေါ်ဆောင်သွားကာ ၁၃ ဦးကို ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“မနက်ပိုင်းမှာ ၁၃ ယောက်ပြန်လွတ်လာတယ်။ နောက်ထပ် ၁၀ ယောက်ကိုတော့ အမြောက်တပ်ရင်းကနေ ခလ ၅၀ တပ်ရင်းထဲမှာ ဖမ်းဆီးထားဆဲဖြစ်တယ်။ အဲထဲမှာ အမျိုးသမီး ၃ ဦးပါသေးတယ်။ သူတို့တွေ ရိုက်နှက်စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။”လို့ ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့မနက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ လယ်မရွာက အရပ်သားတွေကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ဖမ်းဆီးမူကြောင့် ရွာသားတွေထိတ်လန့်နေပြီး ကျေးရွာထဲမှာမနေရဲတော့ဘဲ တိမ်းရှောင်မှုတွေပြုလုပ်နေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။