ဓာတ်ပုံ – CJ

အိုက်ပွီး၊ မေလ ၁၂ ရက်၊ ဒီပဲယင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာက အလယ်တန်းစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား ၁၁ ဦးနဲ့ ကျောင်းဆရာမ နှစ်ဦးသေဆုံးခဲ့တယ်လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့ မေလ ၁၂ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာ အိုးထိမ်းကွင်းကျေးရွာက ကျောင်းသားတွေ ပညာသင်နေကြတဲ့ NUG ရဲ့ အလယ်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားတာဖြစ်ပါတယ်။

“ကျောင်းက အလယ်တန်းကျောင်းဆိုတော့ ကျောင်းသူ/သားတွေများတယ်။ ဆရာတွေလည်းများတယ်။ ပိုဆိုးတာက ဒီနေ့မနက် ဗုံးကြဲတာက ကျောင်းတည့်တည့်ကို ဗုံးကြဲသွားလို့ ထိခိုက်သေဆုံးမှုက ဦးရေပိုများသွားတယ်။ ကလေးတွေအလောင်းတွေဆို တစ်စစီဖြစ်သွားတယ်။ “လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေရဲ့ ရှာဖွေမှုတွေကြောင့် လက်ရှိမှာ ကျောင်းသား၊ ကျောင်းသူ ၁၁ လောင်းနဲ့ ဆရာမ နှစ်လောင်းကို တွေ့ရှိထားတယ်လို့ သိရပါတယ်။

“လောလောဆယ် အလောင်းရတာက ကလေး ၁၁ ယောက်ရယ်၊ ဆရာမ နှစ်ယောက်ရယ်။ အလောင်းတွေက တစ်စစီဖြစ်တဲ့အတွက် ရှာဖွေနေတာကြောင့် ဒီထက်ပို သေဆုံးမှုအရေအတွက် နှစ်ဆလောက်များမယ်။ ပဇီ၊ အနန့်ပါထက်ပိုဆိုးတဲ့ အခြေအနေပါ။”လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကားတွေနဲ့လုံခြုံစိတ်ချတဲ့နေရာတွေမှာ ပြောင်းရွှေ့ထားပြီး ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့ထဲမှာ အသက်အန္တရာယ်စိုးရသူတွေလည်းရှိပါတယ်။

ဒီနေ့၊ နေ့လယ်ထိ ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်နေဆဲလို့ သိရပြီး နောက်ထပ်လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်မှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်က ငလျင်ဒဏ်ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားတဲ့ ကာလမှာ အစုလိုက်၊ အပြုံလိုက် လူသေဆုံးမှုထိဖြစ်အောင် လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။