ရွှေဖီမြေ၊ မေလ ၁၁ ရက်၊ ရွှေကျင်

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ ၅၉၈)ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မေလ ၈ ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ ပွိုင့် ၅ စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၈၃ လက်၊ ဂျန်မာစက် ၃ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မေလ ၁၁ ရက် နေ့လယ်မှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၃၀ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၆ ဦးနဲ့ မိသားစုဝင် ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပြီးတော့ စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် အရာရှိ၊ တပ်သား ၅၀ ဦးခန့်က စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ဆင်ရေးကို အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF၊ အမှတ် ၇၈၀၅၊ ၇၈၀၁ တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ အမှတ် (၃၇၀၁)၊ (၅၁၀၁) တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ LDF တပ်ဖွဲ့ဖြစ်တဲ့ KRF၊ UDF ရော့ကက်နဲ့ ဒရုန်းတပ်ဖွဲ့ စတဲ့ PDF တပ်ရင်းတပ်ဖွဲ့နဲ့အတူ ကရင်တပ်မတော်- KNU ရဲ့ တပ်မဟာ(၃)မှ တပ်ရင်း(၇)၊ ဒရုန်းအဖွဲ့လည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီက ဖမ်းစီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။