‎ခိုင်လေး၊ မေလ ၁၁ ရက်၊ ဝက်လက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၁ဝ ‌ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎မနေ့ မေလ ၁၀ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ရွာတော်ကုန်းရွာကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ၁ဝ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရခဲ့ကြောင်း Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက ရွှေဖီမြေကို ပြောပါတယ်။

‎”ဗုံးသီး ၂ ကြိမ် ကြဲသွားတယ်။ ဆယ်ဦး သေဆုံးပြီး ရှစ်ဦးခန့် ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်”

‎စစ်တပ်ဟာ ဒေသခံ နေထိုင်တဲ့နေရာကို ပစ်မှတ်ထားကာ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဝေဟင်အသိသတိ ရှိကြဖို့ ဗုံးခိုကျင်း တူးပြီး နေထိုင်ကြဖို့လည်း ကိုနဂါးလေးက ဆက်ပြောပါတယ်။

‎ဒီ‌နေ့မနက် ၇ နာရီခွဲဝန်းကျင်ကလည်း ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းကို တံတားဦး‌‌ လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာ‌ကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။