ဓာတ်ပုံ- CJ

အိုက်ပွီး၊ မေလ ၁၀ ရက်၊ ချောင်းဦး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် သုံးပန်းလှကျေးရွာက ရှင်ပြုအလှူပွဲကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မောင်ရှင်လောင်းနဲ့ ဖခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မြေပြင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ သုံးပန်းလှကျေးရွာက ရှင်ပြုအလှူပွဲကို ဒီနေ့ မေလ ၁၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မုံရွာ(နမခ)မှ စစ်တပ်က လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်သွားတာလို့ သိရပါတယ်။

“ရွာအလှူအိမ်မှာ ဗုံးကြဲသွားတာပါ။ အလှူအိမ်ဆိုပေမဲ့ တခြားအလှူတွေလို အသံချဲ့စက်တွေနဲ့ ဖွင့်ပြီး အခမ်းအနားကြီးကြီးလုပ်တာ မဟုတ်ဘူး။ အတိုချုံ့ပဲ လုပ်တာပါ။ ရှင်ပြုမှာက မနက်ဖြန် ဒီနေ့ စကစ ဗုံးကြဲလိုက်တော့ မောင်ရှင်လောင်းနဲ့ အလှူ့ဒါယိကာက မရှိတော့ဘူး။ သေဆုံးသွားပြီ” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်ရှင်လောင်းနဲ့ အလှူ့ဒါယိကာအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး အလှူ့ဒါယိကာမနဲ့ သမီးငယ်ကလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိမှာတော့ ဆေးဝါးကုသမှု ခံယူနေကြရပါတယ်။

“ရွာမှာ ဘာတိုက်ပွဲမှရှိတာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အခုလို လေကြောင်း တိုက်ခိုက်စရာ မလိုဘူး။ ဒါအရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ လုံးဝ စိတ်မကောင်းဘူး။ အခုအလှူပွဲကလည်း ငွေကြေး မတတ်နိုင်တဲ့ကြားကလုပ်တဲ့ အလှူပွဲပါ။ မနက်ဖြန် ဘုန်းကြီးကျောင်းမှာ သွားပြီး ဆွမ်းကပ်မယ်။ သင်္ဃန်းစည်းမယ်။ အဲလောက်ပါပဲ” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက် ညပိုင်းကလည်း ချောင်းဦးမြို့နယ် သုံးပန်လှရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦး သေဆုံးခဲ့သလို နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။