မေ ၁ဝ၊ ရွှေဖီမြေ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့ မေလ ၉ရက်နေ့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhus Newsက ဖော်ပြပါတယ်။

အဲတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရှီကျင့်ဖျင်ကို နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး၊ စွမ်းအင်စတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု အားထားဆောင်ရွက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန် အာမခံပေးသွားမှာဖြစ်တဲ့ အကြောင်း ပြောသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတ ရှီကျင့်ဖိန်ရဲ့ ဉာဏ်ပညာကြီးတဲ့ ဦးဆောင်မှုအောက်မှာ တရုတ်ပုံစံခေတ်မီအသွင် ပြောင်းရေးဟာ သာလွန်ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံနဲ့ ယုံကြည်စိတ်ချရတဲ့ ချစ်ကြည်ရင်းနှီးထိုက်တဲ့ အိမ်နီးချင်းအဖြစ် ထာဝရ လုပ်ဆောင်သွားဖို့လိုတယ်လို့ ထပ်မံပြောဆိုသွားခဲ့ပါတယ်။

သမ္မတရှီကတော့ မြန်မာနိုင်ငံက တရုတ်ဝန်ထမ်း၊အဖွဲ့အစည်း၊စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ အာမခံပေးရန်၊ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှုစတဲ့ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်သူတွေကို တိုးမြှင့်တိုက်ဖျက်ရန် မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

သမ္မတ ရှီနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ မော်စကိုမြို့မှာ ကျင်းပတဲ့ ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈ဝပြည့်အထိမ်းအမှတ်အခမ်းကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အခု တွေ့ဆုံမှုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

လက်ရှိ တရုတ်ဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ပိုင်းအဖွဲ့တွေကို တိုက်ပွဲရပ်တန့်ဖို့ ခြိမ်းခြောက်ဖိအားပေးနေပြီး ကိုးကန့်တပ် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာပြီး စစ်ကောင်စီတပ်တွေ ပြန်လည်အုပ်ချုပ်စေဖို့ အဓိက လုပ်ဆောင်ပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း တရုတ်ဟာ ညီနောင် ၃ဖွဲ့ထဲက တအာင်းတပ်ကိုလည်း တိုက်ပွဲရပ်တန့်ဖို့ ဖိအားပေးထားပေမယ့် စစ်ကောင်စီနဲ့ တအာင်းတပ်တို့ကြားမှာတော့ ဆွေးနွေးမှုက အဆင်မပြေသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။